စုံထောက်မောင်စံရှားဝတ္ထုတိုပေါင်းချုပ် ၉

ရွှေဥဒေါင်း

1800 MMK

မူရင်းစျေး ၂၀၀၀ ၁၀%လျှော့စျေး 

In Stock

Quantity

ဆရာကြီးရွှေဥဒေါင်းရေးတဲ့ စုံထောက်မောင်စံရှားဝတ္ထုတိုပေါင်းချုပ်ထဲမှာ ကျွန်တော်တော့ ဒီစာအုပ်ကို အကြိုက်ဆုံးပဲ။


ဒီစာအုပ်မှာ အဆိုးဆုံးသော လူမိုက် ဦးထွန်းဖေနဲ့ အကျော်စောဆုံးသော စုံထောက်ကြီး မောင်စံရှားတို့ ထိပ်တိုက်ဆုံပြီလေ။ ဉာဏ်ရည်တူ လူနှစ်ယောက်မို့ တစ်ယောက်ကလဲ အကွက်ကျကျ ဖမ်းဖို့ကြိုးစားပုံတွေ တစ်ယောက် ကလဲ လက်မတင်ခင်လေး လွတ်အောင် ရှောင်ထွက်သွားပုံတွေကို ဖတ်ရတာ ပွဲကြီးပွဲကောင်း တစ်ပွဲကို ကြည့်နေရသလို ခံစားရတယ်။


ခုညွှန်းချင်တဲ့စာအုပ်လေးက စုံထောက်မောင်စံရှားဝတ္ထုတိုပေါင်းချုပ် ၉ စာအုပ်ပဲ ဖြစ်ပါတယ်။ (ဆရာကြီး ရွှေဥ‌ဒေါင်းရေးသားတဲ့ စုံထောက်မောင်စံရှား ဝတ္ထုတိုပေါင်းချုပ် ၁ ကနေ ၁၀ ထိရှိပါတယ်။)  


စုံထောက်မောင်စံရှား ဝတ္ထုတိုပေါင်းချုပ် ၉ မှာ


  •   ပရော်ဖက်ဆာ ဆရာကြီး ဦးထွန်းဖေနှင့် ရင်ဆိုင်ရခြင်း
  •   ပရောင်ဖက်ဆာ ဆရာကြီး ဦးထွန်းဖေနှင့် မောင်စံရှား
  •   ထူးဆန်းသော လူသတ်မှုကြီး
  •   ဘုရား‌ညောင်ရေအိုး ရိုက်ခွဲသော အမှု
  •   ကျောင်းအိပ်ကျောင်းစား ကလေးတစ်ယောက် ပျောက်ဆုံးမှု
  •   စုံထောက်မောင်စံရှားသည် လူဆိုးတို့ စက်ကွင်းသို့ သက်ဆင်းရပုံ


စတဲ့ အမှုတွဲ(၆)ခုကို ဖတ်ရှုရမှာပဲ ဖြစ်ပါတယ်။ ဉာဏ်ချင်းယှဉ်တဲ့ ကစားပွဲမှာ နောက်ဆုံး မောင်စံရှား ကပဲ  ဦးထွန်းဖေကို ဖမ်းနိုင်သွားမလား၊ ဦးထွန်းဖေကပဲ လွတ်အောင်ရှောင်ထွက်သွားနိုင်မလားဆိုတာတော့ ...

ဆက်ပြီးပြောရင် spoiler ပေးမိတော့မှာမို့ မဖတ်ရသေးရင် ဖတ်ကြည့်ဖို့ Recommend ပေးပါတယ်ဗျ
  • ISBN : -
  • Publisher :
  • Published Date : May 30 2017
  • Number of Pages : 129 Pages
-

We Accept

SHIPPING

Delivery within Yangon will take around 3 days. Delivery outside Yangon will be sent to express gate of your choosing and will take around 5 days.

RETURN AND EXCHANGE POLICY

We accept exchanges in the result of our errors only (e.g receive wrong items, faulty products and damaged during delivery). Customers can contact our staff for the exchange of products directly at 09446446119 and can be arranged for pick up our Junction Square or Pansodan branches.