စုံထောက်မောင်စံရှားဝတ္ထုတိုပေါင်းချုပ် ၇

ရွှေဥဒေါင်း

1800 MMK

မူရင်းစျေး ၂၀၀၀ ၁၀% လျှော့စျေး 

In Stock

Quantity
စုံထောက်ဝတ္ထုဖတ်ရတာ အတော်လေးစိတ်ဝင်စားစရာကောင်းတယ်လို့ ပြောရမယ်ဗျ။


အမှုတစ်ခုဖြစ်ပြီဆိုပါစို့။ ဒါဆို သက်သေခံအထောက်အထားတွေကို ဘယ်လိုရှာဖွေမလဲ၊ သိပ္ပံနဲ့ဝိဇ္ဇာ ပညာရပ်နှစ်ခုပေါင်းပြီး သံသယဖြစ်ဖွယ်ရှိသူတွေကို ဘယ်လိုဖော်ထုတ်မလဲ၊ သေဆုံးရတဲ့အကြောင်းအရင်းနဲ့ အခြေအနေ၊ သေဆုံးမှုကို ဖြစ်စေတဲ့အကြောင်းအရင်း၊ နောက်ဆုံးသေဆုံးစေခဲ့တဲ့အချက်က ဘာဖြစ်မလဲ စတာတွေအပြင် သက်‌သေတစ်စုံတစ်ရာပြနိုင်ဖို့ အချက်အလက်နဲ့အခြေအနေ လေ့လာပုံတွေ၊ ဆန်းစစ်ပုံတွေ၊ သတင်းအချက်အလက် စုဆောင်းပုံတွေ၊ လက်နက်ခဲယမ်းခွဲခြားသတ်မှတ်ပုံတွေ စတာတွေကို ဖတ်ရှုရတာ ဗဟုသုတရတဲ့အပြင် စုံထောက်ဝတ္ထုအဖတ်များလာတာနဲ့ ကိုယ့်ရဲ့ ခွဲခြမ်းစိတ်ဖြာစဉ်းစားတွေးခေါ်ခြင်း စွမ်းရည်ပါ မြင့်လာနိုင်ပါတယ် .. ဒါကို စုံထောက်ဝတ္ထုချစ်သူတွေဆို ကောင်းကောင်းကြီးသိမှာပါ။


ဒါကြောင့် စာဖတ်သူတွေအတွက် ပညာသားပါလှတဲ့ စုံထောက်ဝတ္ထုကောင်းကောင်းလေးတစ်အုပ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ မိတ်ဆက်ပေးချင်တဲ့စာအုပ်က စုံထောက်မောင်စံရှားဝတ္ထုတိုပေါင်းချုပ် ၇ စာအုပ်ပဲ ဖြစ်ပါတယ်။ (ဆရာကြီးရွှေဥ‌ဒေါင်းရေးသားတဲ့ စုံထောက်မောင်စံရှား ဝတ္ထုတိုပေါင်းချုပ် ၁ ကနေ ၁၀ ထိ ရှိပါတယ်။)  


စုံထောက်‌မောင်စံရှား ဝတ္ထုတိုပေါင်းချုပ် ၇ မှာ


  •   ကိုယ့်ကိုယ်ကိုယ်သတ်ခြင်းလော သူတစ်ပါးသတ်ခြင်းလော
  •   သေသောသူက စကားပြောနိုင်ပါသလား
  •   ဇာပန်းထိုး မိန်းကလေးတစ်ယောက် အသတ်ခံရမှု
  •   ထူးဆန်းသော အမွေမှုကြီး
  •   ရေနံချောင်း တွင်းစာရိုးတစ်ယောက်၏အမှု
  •   ကိုယ့်ကိုယ်ကိုယ် သတ်သေသည်ဆိုသည့်အမှု
  •   စိန်လုယက်မှု
  •   မြေပိုင်ရှင် လင်မယားအမှု

စတဲ့ အမှု(၈) ခုကို စိတ်ဝင်စားဖွယ်ဖတ်ရှုရမယ့်အပြင် နောက်ဆုံးမှာ ကျွန်တော်တို့ စုံထောက်ကြီး မောင်စံရှားတစ်ယောက် ဖြေရှင်းချက် ဘယ်လိုထုတ်သွားလဲဆိုတာ လေ့လာမှတ်သားနိုင်စေဖို့ ကိုယ်တိုင်ကိုယ်ကျ ဖတ်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်ဗျ ...
  • ISBN : -
  • Publisher :
  • Published Date : Sep 30 2016
  • Number of Pages : 158 Pages
-

We Accept

SHIPPING

Delivery within Yangon will take around 3 days. Delivery outside Yangon will be sent to express gate of your choosing and will take around 5 days.

RETURN AND EXCHANGE POLICY

We accept exchanges in the result of our errors only (e.g receive wrong items, faulty products and damaged during delivery). Customers can contact our staff for the exchange of products directly at 09446446119 and can be arranged for pick up our Junction Square or Pansodan branches.