ကျွန်တော်ဖတ်ပြီး သဘောကျရတဲ့ ဆရာကြီးရွှေဥဒေါင်းရဲ့ စုံထောက်မောင်စံရှား ဝတ္ထုတိုပေါင်းချုပ် စာအုပ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။
စုံထောက်မောင်စံရှားဝတ္ထုတွေဟာ ဆရာကြီးရဲ့ အထူးထင်ရှားတဲ့ဝတ္ထုတွေဖြစ်တဲ့အပြင် စာအုပ်ထဲကနေ ရာဇဝတ်မှုခင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေ၊ မှုခင်းဆေးပညာရပ်၊ မှုခင်းသိပ္ပံပညာရပ်၊ လက်နက်ခဲယမ်း ခွဲခြားသတ်မှတ်ပုံ၊ သက်သေအထောက်အထား စုဆောင်းပုံ၊ လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ လေ့လာအကဲဖြတ် ပုံတွေကို ဗဟုသုတရဖွယ် ဖတ်ရှုရဦးမှာပဲ ဖြစ်ပါတယ်။ ဆရာကြီးရဲ့ ပင်ကိုရေးနဲ့ မှီးငြမ်းပြုပုံ မြန်မာဆန်တဲ့ အတွက် စာဖတ်ပရိတ်သတ်တွေ အကြိုက်တွေ့စေမှာ အသေအချာပါပဲ။
ဒါ့ကြောင့် ကျွန်တော်မိတ်ဆက်ပေးချင်တဲ့ စာအုပ်လေးက ဆရာကြီးရွှေဥဒေါင်းရဲ့ စုံထောက်မောင်စံရှား ဝတ္ထုတိုပေါင်းချုပ် ၈ စာအုပ်ပါ။ (ဆရာကြီးရွှေဥဒေါင်းရေးသားတဲ့ စုံထောက်မောင်စံရှား ဝတ္ထုတိုပေါင်းချုပ် ၁ ကနေ ၁၀ ထိရှိပါတယ်။)
စုံထောက်မောင်စံရှား ဝတ္ထုတိုပေါင်းချုပ် ၈ မှာ
အသက်အာမခံကုမ္ပဏီအမှု- အဆိပ်သောက်သေသည် ဆိုသော အမှု
- ယစ်မျိုး စုံထောက်တစ်ယောက် သေဆုံးမှု
- နန်းတွင်းပတ္တမြား ပျောက်ဆုံးမှု
- ထူးဆန်းသော အိုးခြမ်းပဲ့ အထိမ်းအမှတ်အမှု
- တရုတ်ကပြားမလေး မကျင်မြိုင်အမှု
- ဘုရင်ခံကတော် ပုလဲပုတီးပျောက်မှု
စတဲ့ အမှု (၇) ခုကို ဖတ်ရှုရမှာပဲ ဖြစ်ပါတယ်။ ဒီစာအုပ်မှာ အမှုအသွားအလာတွေဟာ တစ်ခုနဲ့တစ်ခု မတူတာမို့ စုံထောက်ကြီး မောင်စံရှားရဲ့ ဖြတ်ထိုးဉာဏ်ရှိမှု၊ ပိုင်းခြားဆုံးဖြတ်နိုင်မှု၊ အတွေ့အကြုံရှိမှု၊ ဗဟုသုတရှိမှု စတဲ့ အရည်အချင်းတွေကို ထပ်မံတွေ့မြင်ရမှာပါ။ စုံထောက်ဝတ္ထုချစ်သူ၊ စုံထောက်ဝတ္ထုဖန် (ဒါမှမဟုတ်) မှုခင်း သိပ္ပံပညာရပ်တွေကို စိတ်ဝင်စားသူ တစ်ယောက်သာဆို လက်လွှတ်မခံဘဲ ဖတ်ကြည့်သင့်တဲ့ စာအုပ်တစ်အုပ်ပါ ..
- ISBN : 9562018173691
- Publisher :
- Published Date : Sep 30 2016
- Number of Pages : 149 Pages