စုံထောက်ဝတ္ထုဖတ်ရတာကြိုက်တဲ့ ဖန်တစ်ယောက်သာဆိုရင် မမေ့မလျော့ လက်လွှတ်မခံဘဲ ဖတ်သင့် တဲ့စာအုပ် ...
စုံထောက်ကြီး မောင်စံရှားနဲ့အတူ
စစ်ဘက်ဆိုင်ရာ အရေးကြီးသော စက္ကူများ ပျောက်ဆုံးမှု- မှော်ဘီလူး ပျောက်မှု
- စံရှားနဲ့ စံဖဲ
- မင်းတိုင်ပင် အမတ်တစ်ဦး၏ အမှု
- ကုလား ဓားပြအသင်းကြီး
- ဦးအောင်ဒွန်းကို ဘယ်သူသတ်သလဲ
ဆိုတဲ့ ဒိတ်ဒိတ်တ်ကြဲ အမှုကြီးတွေကို ဖတ်ရှုပြီး ကျွန်တော်တို့လဲ တရားခံအစစ်အမှန်ကို အဖြေရှာကြည့်ရအောင် လား။ ကျွန်တော် အခုပြောတဲ့ အမှုတွေဟာ ဆရာရွှေဥဒေါင်းရေးသားတဲ့ စုံထောက်မောင်စံရှားဝတ္ထုတိုပေါင်းချုပ် ၆ စာအုပ်ထဲက အမှုတွေပဲဖြစ်ပါတယ်။ (ဆရာကြီးရွှေဥဒေါင်းရေးသားတဲ့ စုံထောက်မောင်စံရှားဝတ္ထုတိုပေါင်း ချုပ် ၁ ကနေ ၁၀ ထိရှိပါတယ်။)
စုံထောက်ဝတ္ထုဖန်အကြီးစားတွေဆိုရင်တော့ ဆရာရွှေဥဒေါင်းတို့၊ ဆရာမြ သန်းတင့်တို့၊ ဆရာဒဂုန် ရွှေမျှားတို့နဲ့ အထူးတလည် မိတ်ဆက်စရာလိုမယ်မထင်ပါဘူး။ သိနှင့်ပြီးသား ဖြစ်မှာပါ။
ဒီစာအုပ်မှာဆို အမှုတစ်ခုရဲ့ ဟာကွက်တွေ၊ ပြန့်ကျဲနေတဲ့ အပိုင်းအစတွေ၊ ပဟေဠိဆန်တဲ့ အကြောင်း အရာတွေ၊ လျှို့ဝှက်ဆန်းကျယ်ပုံတွေကို စုံထောက်ကြီးမောင်စံရှား ဘယ်လိုဆက်စပ်တွေးခေါပြီး ဖော်ထုတ် သွားမလဲ၊ တရားခံ ဘယ်သူဖြစ်လိမ့်မလဲဆိုတာ ရင်တမမနဲ့ စိတ်လှုပ်ရှားဖွယ် ဖတ်ရှုသွားရမှာပဲ ဖြစ်ပါတယ်။
ဆိုတော့ကာ စုံထောက်ဝတ္ထုချစ်သူ၊ စုံထောက်ဝတ္ထုဖန်တွေအနေနဲ့ မဖတ်လိုက်မိဘူး မဖြစ်ရလေအောင် အသိပေးစကား ပါးလိုက်ပါတယ်ဗျာ ..
- ISBN : -
- Publisher :
- Published Date : Sep 30 2016
- Number of Pages : 154 Pages