img_profile1

စာပေလောကစာအုပ်တိုက်ကို အုတ်မြစ်ချခဲ့တဲ့ သခင်ခင်ညွန့်ဟာ ကိုယ်တိုင် စာဖတ်ဝါသနာပါသလို စာဖတ်ခြင်းကိုလည်း အားပေးခဲ့သူပါ။ စာကောင်းပေမွန်တွေက ပိုတောက်ပတဲ့အနာဂတ်ကို ဖန်တီးနိုင်ပြီး စာဖတ်ခြင်းက လူတွေရဲ့ဘဝကို တိုးတက်ပြောင်းလဲစေနိုင်တယ်လို့ သူယုံကြည်တာကြောင့် စာပေလောကတိုက်ကို တည်ထောင်ခဲ့ပါတယ်။

img_quote1 စာဖတ်ကြပါ။ စာဖတ်ခြင်းက ကိုယ့်ကိုယ်ကိုယ် စည်းကမ်းရှိစေသလို
တိုင်းပြည်ကိုလည်း မြှင့်တင်ပေးနိုင်တယ်။ သခင် ခင်ညွန့် (စာပေလောက တည်ထောင်သူ)

၁၉၅၆

စာပေလောကနိဒါန်း

စာပေလောကတိုက် တည်ထောင်သူက စာဖတ်ခြင်းအလေ့ကို မြှင့်တင်ဖို့နှင့် လူတိုင်း စာအုပ်တွေကို လက်လှမ်းမီကြဖို့ အရေးကြီးကြောင်း နားလည်တဲ့အတွက် စာအုပ်ဆိုင်လေးတစ်ဆိုင် စဖွင့်လိုစိတ်ပြင်းပြခဲ့ပါတယ်။ သူဟာ ရန်ကုန်မြို့ကို ပြောင်းရွှေ့အခြေချခဲ့ပြီး “စာပေလောကအမည်”နှင့် ရွေ့လျားစာအုပ်စာအုပ်ဆိုင်လေးစတင်ဖွင့်လှစ်ခဲ့ပါတယ်။ ရွေ့လျားဗင်ကားလေးဟာ စာပေလောကတိုက် ကနဦးခရီးရဲ့ အထင်ကရသင်္ကေတအဖြစ် သတ်မှတ်ခံထားရပါတယ်။

img_profile2

၁၉၆၈

ပထမ အုတ်နှင့်အင်္ဂတေဆိုင်

img_profile3

ကျွန်ုပ်တို့၏တည်ထောင်သူသည် လူများအတွက် စာအုပ်များဝင်ရောက်ကြည့်ရှုနိုင်စေရန် ပိုမိုလက်လှမ်းမီပြီး အမြဲတမ်းနေရာလွတ်တစ်ခုပေးဆောင်ရန် မျှော်မှန်းချက်ရှိပါသည်။ ထို့ကြောင့် ရန်ကုန်မြို့လယ်တွင် တည်ရှိသော ကျွန်ုပ်တို့၏ ပထမဆုံး အုတ်နှင့် အင်္ဂတေဆိုင်ကို ၁၉၆၈ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သည်။

၁၉၇၄

စာပေနှင့်စာနယ်ဇင်းပွဲ

img_profile4

၁၉၇၄ ခုနှစ် ရန်ကုန် အင်ဗွိုင်းခန်းမမှာ ကျင်းပခဲ့တဲ့ စာပေနဲ့ စာနယ်ဇင်းပွဲ မှာ စာပေလောက စာအုပ်တိုက်မှ ပါဝင်ရောင်းချခဲ့သည်။

၁၉၇၄

အမျိုးသားစာပေ
ဆု ‌‌ပေးအပ် ခြင်းအခမ်းအနား

1974_profile

စာပေလောကတိုက်ရဲ့ ထုတ်ဝေသူဦးမျိုးညွန့်ရဲ့ဇနီးဖြစ်သူ ဆရာမမိုးမိုး(အင်းလျား)ဟာ စာပေလောကမိသားစုဝင်တစ်ဦးဖြစ်ခဲ့ပြီး သူ့ရဲ့ပထမဆုံး အမျိုးသားစာပေဝတ္ထုရှည်ဆုကို “ပျောက်သောလမ်းမှာစမ်းတဝါး” စာအုပ်ဖြင့် ရရှိခဲ့ပါတယ်။

၁၉၇၆

အနှစ်၂၀ပြည့်
စာပေလောကနှစ်ပတ်လည်နေ့

img_profile5

စာပေအသိုင်းအဝိုင်းမှ လူသိများသော စာရေးဆရာများနှင့် ထုတ်ဝေသူများ သည် စာပေလောကစာအုပ်တိုက်၏ နှစ် (၂၀) ပြည့် အထိမ်းအမှတ် မှတ်တိုင်ကို Strand Hotel တွင် ကျင်းပရန် စည်းဝေးကြသည်။ ထိုဓာတ်ပုံတွင် မိန့်ခွန်းပြောကြားနေသူမှာ စာရေးဆရာ သိန်းဖေမြင့်ဖြစ်သည်။

၁၉၉၈

စာအုပ်ရောင်းပွဲ

img_profile6

စာအုပ်ပွဲတော်အများအပြားကိုလည်းကောင်း၊ ရန်ကုန်နှင့်မန္တလေးတို့လို မြို့ကြီးတွေမှာ ပြပွဲများကိုလည်းကောင်း စာပေလောကတိုက်မှ ဦးစီးကျင်းပပေးနိုင်ခဲ့ပါတယ်။

၂၀၁၄

သခင်ခင်ညွန့်
ရာပြည့်အမှတ်တရ

img_profile7

စာပေလောကစာအုပ်တိုက်ရဲ့ တည်ထောင်သူ သခင်ခင်ညွန့်ကို အမှတ်ရသောအားဖြင့် သူ့ရဲ့နှစ်(၁၀၀)ပြည့်မွေးနေ့မှာ ရာပြည့်အခမ်းအနားတစ်ခု ကျင်းပခဲ့ပါတယ်။ အထင်ကရ စာရေးဆရာ/မများနှင့် ထုတ်ဝေသူများက ၎င်းတို့နှင့်သခင်ခင်ညွန့်အကြား အမှတ်တရစာမူများ ရေးသားချီးမြှင့်ခဲ့ကြပါတယ်။

၂၀၁၉

တစ်သက်တာထုတ်ဝေသူဆု ‌
ဆုပေးပွဲအခမ်းအနား

2020_profile

တစ်သက်တာအကောင်းဆုံးထုတ်ဝေသူအဖြစ် ဦးမျိုးညွန့် (စာပေလောက)အား မြန်မာနိုင်ငံစာပေထုတ်ဝေသူနှင့်ဖြန့်ချိသူများအသင်းမှ အသိအမှတ်ပြုခဲ့ကြပါတယ်။

၂၀၂၁

ဂုဏ်ယူစရာ အောက်မေ့ဖွယ် အထိမ်းအမှတ်

2021_profile

စာပေလောကစာအုပ်တိုက်ရဲ့ ပဲ့ကိုင်ရှင် ဦးမျိုးညွန့်အား သတိရသောအားဖြင့် စာပေလောကတိုက်မှ အမှတ်တရစာအုပ်တစ်အုပ် ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။ ယင်းစာအုပ်ထဲမှာ ထင်ရှားတဲ့ စာရေးဆရာ/မများ၊ ထုတ်ဝေသူများနှင့် အနုပညာရှင်များက အောက်မေ့ဖွယ်ဆောင်းပါးများ ရေးသားပေးခဲ့ကြပါတယ်။

ယနေ့ခေတ်

မျက်မှောက်ခေတ် စာပေလောကစာအုပ်တိုက်

နိုင်ငံတွင်း လူအများအသိမှတ်ပြုထားတဲ့ စာအုပ်ဆိုင်ကြီးတွေထဲကတစ်ခုအဖြစ် စာပေလောကဟာ မှတ်ကျောက်တင်ခံထားရပါတယ်။ ကျွန်ုပ်တို့ရဲ့စာပေလောကလုပ်ငန်းကို တိုးချဲ့ဖို့နှင့် အရည်အသွေးကောင်းစာအုပ်တွေကို စာဖတ်သူတွေလက်ထဲ အရောက်ထည့်နိုင်ဖို့ ရည်ရွယ်ထားကြပါတယ်။

img_profile8