ဘဝကိုပုံစံပြောင်း တက်လမ်းကြောင်းရှာပါလေ

မောင်ကြည်သန့်

750 MMK

မူရင်းစျေး ၈၀၀ ( ၁၀%လျှော့စျေး)

Out Of Stock

လက်ရှိအခြေအနေမှာ ကိုယ်စိတ်နှစ်ပါးလုံး ချွတ်ခြုံကျနေပြီလား ဘာတစ်ခုမှ အဆင်မပြေဘူးလို့ ခံစားနေရပြီလား။ ဒါဆိုရင် လက်ရှိအခြေအနေနဲ့ကိုက်ညီမယ့် ဘာသာပြန် စာအုပ်ကောင်းလေး တစ်အုပ်ကို ညွှန်းပေးချင်ပါတယ်။

စာအုပ်လေးက သေးသေးပါးပါးလေးဆိုပေမယ့် နိုင်ငံတကာမှာ ရောင်းအားအကောင်းဆုံး စာရင်း ဝင်ထားပြီး ကိုယ်ရည်ကိုယ်သွေးဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ (Personal Development) စာအုပ်အမျိုးအစား တစ်ခုပဲဖြစ်ပါတယ်။ နောက်ပြီး အခုလိုကာလမျိုးမှာ ဖတ်မယ်ဆိုရင်တော့ အံဝင်ဂွင်ကျဖြစ်မှာ အသေအချာပဲ။ 

မူရင်းစာအုပ်ကတော့ စာရေးဆရာမ Lynda Field ရေးသားထားတဲ့ “ 60 Ways to Change Your Life ” ဆိုတဲ့ စာအုပ်ဖြစ်ပြီး ဆရာမောင်ကြည်သန့်ကနေ “ဘဝကိုပုံစံပြောင်း တက်လမ်းကြောင်းရှာပါလေ” ဆိုတဲ့ အမည်နဲ့ မြန်မာဘာသာ ပြန်ဆိုထားတာပဲဖြစ်ပါတယ်။ 

စာအုပ်ထဲမှာ ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာတွေ၊ ရုပ်ပိုင်းဆိုင်ရာ အခြေအနေတွေကို ပြောင်းလဲ သွားစေမယ့် နည်းလမ်းပေါင်း ၆၀ကို ဖတ်ရှုလေ့လာနိုင်မှာဖြစ်ပြီး ဖတ်နေရင်းနဲ့ ကိုယ့်ခေါင်းထဲ မေးခွန်းပေါင်း များစွာ ပြန်မေးနေမိပါလိမ့်မယ်။ တစ်ဆက်တည်းဆိုသလို လွှတ်မချနိုင်ဘဲ ပွေ့ပိုက်ထားနေမိတဲ့ ကိုယ့်ရဲ့အမှားတွေ၊ နောင်တတွေ၊ လျစ်လျူရှုထားခဲ့တဲ့ ကိုယ့်ရဲ့ ပျော်ရွှင်စရာအခိုက်အတန့်တွေကိုလည်း သတိကပ်နိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ ဘာလို့ဆို ကျွန်တော်လည်း စာအုပ်ဖတ်ပြီး အသိပြန်ဝင်လာလို့ပါ။ 

“မိမိကိုယ်ကို ခွင့်လွှတ်တတ်ရဲ့လား”ဆိုတဲ့ ခေါင်းစဉ်တိုလေး ဖတ်နေရင်း “ငါလဲ ငါ့ကိုယ်ငါ ခွင့်လွှတ် တတ်ရဲ့လား” ဆိုပြီး ကိုယ့်ကိုယ်ကိုယ် မေးခွန်းပြန်မေးနေမိပါတယ်။ အမှားတစ်ခုခု လုပ်မိတိုင်း ကိုယ့်ကိုကိုယ် အသုံး မကျလိုက်တာ။ ဉာဏ်နည်း လိုက်တာဆိုပြီး အပြစ်တင်လို့မဆုံးဘူး။ စိတ်ထဲ တနုံ့နုံ့ပဲ။ 

ဒီခေါင်းစဉ်တိုလေး ဖတ်ပြီးမှ “အမှားလုပ်မိတဲ့ အခါမျိုးလဲရှိမှာပဲ။  လူတိုင်းအမှားနဲ့ ဘယ်ကင်းပါ့မလဲ။ ပြီးတော့ ငါ့ကိုယ်ငါမှ ခွင့်မလွှတ်နိုင်ရင် ဘယ်သူကလာပြီး ခွင့်လွှတ်ပေးမှာလဲ။ ဘာဖြစ်လဲ  အမှားလုပ်မိတော့လည်း သင်ခန်းစာလို့ မှတ်ပြီး ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်တတ်ရမှာပေါ့။ သေချာချပြလုပ်ပြနိုင်တဲ့ အခါကျရင်တော့လား ကိုယ့်ကိုယ်ကိုယ် ဆုအကြီးကြီးချပစ်ရမယ်” ဆိုတဲ့ အသိလေးဝင်လာတယ်။ စိတ်လဲ အတော်လေး အေးချမ်းသွား တယ်။ ထပ်ပြီးသတိထားမိတာက စာအုပ်ထဲက ပြဿနာဖြေရှင်းတဲ့ နည်းလမ်းတွေက လူတိုင်း အလွယ်တကူ လိုက်လုပ်နိုင်သလို ရယ်စရာလဲကောင်း စိတ်ဝင်စားစရာလည်း ကောင်းပါတယ်။ 

ဒါကြောင့်လဲ ရောင်းအားအကောင်းဆုံးစာရင်းဝင်တာကိုးလို့ သတိပြုရင်း  ကိုယ်တိုင်မြည်းစမ်း ကြည့်ဖို့ တိုက်တွန်းလိုက်ပါရစေ။



  • ISBN : -
  • Publisher :
  • Published Date : Jul 29 2006
  • Number of Pages : 192 Pages
-

We Accept

SHIPPING

Delivery within Yangon will take around 3 days. Delivery outside Yangon will be sent to express gate of your choosing and will take around 5 days.

RETURN AND EXCHANGE POLICY

We accept exchanges in the result of our errors only (e.g receive wrong items, faulty products and damaged during delivery). Customers can contact our staff for the exchange of products directly at 09446446119 and can be arranged for pick up our Junction Square or Pansodan branches.