ခေါင်းဆောင်ဟောင်းများမှ ခေါင်းဆောင်လောင်းများဆီသို့

မောင်ကြည်သန့်

3600 MMK

မူရင်းစျေး ၄၀၀၀ ( ၁၀%လျှော့စျေး)

In Stock

Quantity
ဒီစာအုပ်လေးထဲမှ လူငယ်များအနေဖြင့် လူကြီးများ၏ အောင်မြင်မှုများနှင့် ရှုံးနိမ့်ခဲ့မှုများမှ စိတ်အားထက်သန်ပြင်းပြမှုများကို လေ့လာဖတ်ရှုစေလိုပါသည်။ ဤစာအုပ်တွင် နယ်ပယ်အသီးသီးမှ ခေါင်းဆောင်ကြီးများ၏ အတွေ့အကြုံ၊ အတွေးအခေါ်နှင့် ခံယူချက်များကို ရေးသားထားသော စာအုပ်လေး ဖြစ်ပါသည်။
 
အတိတ်တွေထဲမှာ တဝဲလည်လည် ဖြစ်မနေပါနှင့်။ ဖြစ်ပေါ်လာနိုင်သော အဆိုးဆုံးအခြေအနေ တွေကို လက်မခံနိုင်လျှင် ထိုအလုပ်ကို မလုပ်ပါနှင့်။ ယနေ့ လုပ်စရာရှိသမျှ များများလုပ်ပါ။ လေ့ကျင့်ခန်း လုပ်ပါ။ ပျော်ပျော်နေတတ်သလိုနေပါ။ အပြောင်းအလဲနှင့်အတူ လှုပ်ရှားပါ။ စိတ်ဆင်းရဲမိစေမည့် တရားခံမှာ ရှုံးနိမ့်ခြင်းမဟုတ်ဘဲ လုပ်သင့်သည်ကို မလုပ်ခဲ့မှုသာဖြစ်သည်။ ပညာသင်ရာတွင် ရပ်ဆိုင်း ခြင်း မပြုသင့်။ အပြောင်းအလဲလုပ်သူဖြစ်ပါစေ။ မနက် အိပ်ယာထတိုင်း ပျော်ပျော်ရွှင်ရွှင် နိုးလာတတ်ရန် ကြိုးစားပါ။ ဘာအလုပ်ပဲ လုပ်လုပ် အလုပ်နှင့်ပတ်သက်၍ တော်အောင်ကို ကြိုးစားပါ။
 
စာအုပ်လေးထဲမှာ ကမ္ဘာပေါ်ရှိ နေရာဌာန အမျိုးမျိုးမှ ခေါင်းဆောင် ၇၇ ယောက်၏ အတ္ထုပ္ပတ္တိ အကျဥ်းချုပ်တွေနဲ့ သူတို့တွေ လက်ခံကျင့်သုံးလာခဲ့တဲ့ မှတ်သားဖို့ကောင်းတဲ့ အတွေးအမြင် အယူအဆ တွေကို စုစည်းဖော်ပြထားတဲ့ စာအုပ်ကောင်းလေး တစ်အုပ်ပါ။ စာအုပ်ထဲမှာ တချို့ ခေါင်းဆောင်တွေရဲ့ လက်ရေးမူ မိတ္ထူလေးတွေကိုပါ ပူးတွဲပါရှိတဲ့အတွက် ဖတ်ရတာ ပိုပြီးပြည့်စုံတယ်လို့ ခံစားရစေမယ့် စာအုပ်လေးတစ်အုပ်ပါပဲလို့ ညွှန်းပါရစေ။



  • ISBN : 9789997198075
  • Publisher :
  • Published Date : Nov 29 2020
  • Number of Pages : 241 Pages
-

We Accept

SHIPPING

Delivery within Yangon will take around 3 days. Delivery outside Yangon will be sent to express gate of your choosing and will take around 5 days.

RETURN AND EXCHANGE POLICY

We accept exchanges in the result of our errors only (e.g receive wrong items, faulty products and damaged during delivery). Customers can contact our staff for the exchange of products directly at 09446446119 and can be arranged for pick up our Junction Square or Pansodan branches.