လွန်ခဲ့တဲ့ နှစ်ပေါင်း၂၀၀၀ ကျော်ကာလက စစ်သူကြီးဆွန်ဇု ရေးသားခဲ့တဲ့ တရုတ် စစ်ပညာ ကျမ်းတစ်စောင် “The Art of War”စာအုပ်ကို ဆရာမောင်ကြည်သန့်ကနေ “ဆွန်ဇု၏ စစ်ရေး အယူအဆ ဒဿန” ဆိုတဲ့အမည်နဲ့ မြန်မာဘာသာပြန်ဆိုထားတာဖြစ်ပါတယ်။ ဒါ့အပြင် ဂျပန်၊ ပြင်သစ်၊ ရှရုား၊ အင်္ဂလိပ်ဘာသာများသို့လည်း ပြန်ဆိုထုတ်ဝေခြင်း ခံခဲ့ရတဲ့ စာအုပ်ဖြစ်ပါတယ်။
စာအုပ်ထဲမှာ အခန်း(၁၃)ခန်းပါဝင်ပြီး စစ်ပွဲတစ်ပွဲ မစတင်မီ အချိန်ပမာဏတွက်ချက်ခြင်း အဆင့်ကနေ စစ်ပွဲစတင်တဲ့အချိန်မှာ အောင်ပွဲဆင်နွှဲနိုင်မယ့် နည်းဗျူဟာများ၊ သူ့ဘက်ကိုယ့် ဘက်မှာရော ရှိလာနိုင်မယ့် အပျက်အစီးများ၊ ထိုးစစ်ဆင်နိုင်မယ့် နည်းဗျူဟာများ၊ ရန်သူကို စိတ်ဓာတ်ကျသွားစေမယ့် နည်းဗျူဟာများ၊ ဘုရင့်နောင် ဖောင်ဖျက်တိုက်ပွဲလိုမျိုး ကိုယ့်စစ်တပ်ကို စိတ်ဓာတ်ခွန်အား မြှင့်တင်ပေးမယ့် နည်းလမ်းများ၊ ကိုယ့်စစ်တပ်ရဲ့ အားသာချက် အားနည်းချက်၊ စစ်သူအင်အား စုစည်းတာ၊ သူလျှိုထောက်လှမ်းတာအဆုံး စစ်သူကြီးတစ်ယောက်မှာ ရှိသင့်တဲ့ အရည်အသွေးများကို ကျွန်တော်တို့ ဖတ်ရှုသုံးသပ်လေ့လာရမှာပဲ ဖြစ်ပါတယ်။
ပြီးတော့ အပေါ်မှာပြောခဲ့သလို ဒီစာအုပ်ဟာ စစ်ပွဲဆိုင်ရာစာအုပ်အမျိုးအစား ဖြစ်ပေမယ့် လည်း အတွေးအခေါ်၊ အယူအဆ၊ နည်းဗျူဟာတွေဟာ အခြားနယ်ပယ် အသီးသီးမှာလည်း အသုံး ချနိုင်တာကို စာဖတ်သူ သုံးသပ်နိုင်မှာပါ။ နှိုင်းယှဉ်ချိန်ဆနိုင်မှာပါ။ ကမ္ဘာ့စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ ကုန်သည်ကြီးတွေက အကြံကောင်းဉာဏ်ကောင်းရရှိဖို့ ဒီစာအုပ်ကို ဖတ်ဖို့ ညွှန်းဆို ထားကြပါတယ်။
ဒါ့ကြောင့် စာအုပ်အကြောင်း ထပ်ပြီးမပြောပြတော့ပါဘူး။ ကိုယ်တိုင် ဖတ်ပါ၊ တွေးပါ၊ လက်တွေ့အသုံးချပါ။
- ISBN : -
- Publisher : Sar Pay Law Ka
- Published Date : Aug 01 2007
- Number of Pages : 140 Pages