စုံထောက်ချက်တွေ၊ ဉာဏ်ထုတ်ချက်တွေ၊ ရှင်းလင်းချက်တွေ စတဲ့ အမှုမှန်ပေါ်လာအောင် စုံစမ်းထောက် လှမ်းရတဲ့ စုံထောက်ဝတ္ထုတွေ ဖတ်ရတာ စိတ်ဝင်စားတယ်ဆိုရင် ဆရာကြီး ရွှေဥဒေါင်းရေးသားတဲ့ စုံထောက် မောင်စံရှား ဝတ္ထုတိုပေါင်းချုပ်စာအုပ်တွေကို ဖတ်ကြည့်ဖို့ အကြံပေးပါတယ်။ ( ဆရာကြီးရွှေဥဒေါင်းရေးသားတဲ့ စုံထောက် မောင်စံရှား ဝတ္ထုတိုပေါင်းချုပ် ၁ ကနေ ၁၀ ထိရှိပါတယ်။)  
ဒီဝတ္ထုတိုပေါင်းချုပ်တွေဟာ စုံထောက်မောင်စံရှား ဝတ္ထုတိုပေါင်းချုပ်သစ်မှာ ပါဝင်ခြင်းမရှိသေးတဲ့ ဝတ္ထုတွေ ဖြစ်တဲ့အပြင် တစ်ချို့ကျ နိုင်ငံခြားစုံထောက်ဝတ္ထုတွေကို ဘာသာပြန်ထားတာဖြစ်ပြီး တချို့အမှုတွေကျ ပင်ကိုရေး စုံထောက်ဝတ္ထုတွေပဲ ဖြစ်ပါတယ်။
အခုကျွန်တော်ဖတ်နေတဲ့ စုံထောက်မောင်စံရှား ဝတ္ထုတိုပေါင်းချုပ် ၅ မှာ
  မောင်စံရှား အဘယ်ကြောင့် လူပျိုကြီးလုပ်၍ နေပါသနည်း-   ဗူးလည်ဆစ် ချည်ပုံကိုကြည့်၍ စုံထောက်ခြင်းအကြောင်း
 -   ပြင်သစ်လူမျိုး ဆရာဝန်တစ်ယောက်၏ အမှု၌ စုံထောက်ပုံ
 -   နှစ်ထပ်ကျော့
 -   ထူးဆန်းသော လက်စားချေမှု
 -   သစ္စာဖောက် ကင်းမြီးကောက်
 
ဆိုတဲ့ အမှု(၅)ခုနဲ့ ဒို့ဇာတ်လိုက်ကျော် စုံထောက်မောင်စံရှားတစ်ယောက် လူပျိုကြီးလုပ်ရတဲ့အကြောင်းအရင်းကို သိခွင့်ရမှာမို့ စုံထောက်ဝတ္ထုချစ်သူများသို့ ဖတ်ကြည့်ဖို့ ညွှန်းပေးလိုက်ပါတယ်ဗျာ့ ...
							
								- ISBN : 9562018173660
 
								- Publisher : Sar Pay Law Ka
 
								- Published Date : Jun 01 2016
 
								- Number of Pages : 154 Pages