“မိမိဘဝတွင် ရွေးချယ်စရာများစွာ ရှိနေကြောင်း သိနားလည်ထားပါ။ မိမိကြီးထွားလာ စေနိုင်မည့် နည်းလမ်းများစွာလည်း ရှိနေကြောင်းသိထားပါ ” - ဇော်ဟန်ဇော်
စာကြောင်းလေးက တိုတိုလေးဆိုပေမယ့် တွေးကြည့်လိုက်ရင် အဓိပ္ပာယ်လေးနက်လွန်း တယ်။
ကျွန်တော့်အမြင်အရဆို ဒီစာကြောင်းလေးက ဘဝမှာ ဘယ်လောက်ပဲ အခက်အခဲများစွာနဲ့ ရင်ဆိုင်ရပါစေ ရွေးချယ်စရာများစွာရှိတာကို နားလည်ထားဖို့နဲ့ အောင်မြင်ချင်စိတ်သာရှိမယ်ဆို ကိုယ့်ကိုအောင်မြင်မှုရစေမယ့် နည်းလမ်းများစွာရှိတာကို သိထားဖို့ message ပေးထားတာလို့ ထင်မြင်မိပါတယ်။ ပြီးတော့ စိတ်ဓာတ်ခွန်အားပေးရာလည်းဖြစ်စေသလို တွန်းအားပေးရာလည်း ရောက်တယ်။
ဒီစာကြောင်းလေးကို ကျွန်တော် ဆရာဇော်ဟန်ဇော်ရေးသားတဲ့ “လှည့်မကြည့်နဲ” ဆိုတဲ့ စာအုပ်လေးကို မြည်းစမ်းရင်းကနေ ဖတ်ခွင့်ရခဲ့တာပါ။ ရုပ်ပြကာတွန်းပုံလေးတွေနဲ့ပါဆိုတော့ တစ်ကွက်ကောင်း ကာတွန်းလေးတွေ ဖတ်နေရသလိုမျိုးပဲ။ တစ်အုပ်လုံးဖတ်ပြီးချိန်မှာ ကျွန်တော့် ခေါင်းထဲ ဘဝကိုအရှုံးမပေးနဲ့ ဘယ်တော့မှ နောက်ကြောင်းပြန်မလှည့်နဲ့ဆိုတဲ့ အသိကိုပါ တစ်ဆက် တည်း ထည့်သွင်းပေးလိုက်တာဗျ။ ဖတ်ချိန် ၁၀ မိနစ်တောင် မကြာပေမယ့် စာအုပ်လေးကပေးတဲ့ အဆီအနှစ်တွေကတော့ အရသာရှိလွန်းလှပါတယ်။
စာအုပ်ထဲမှာ ထိမိလှတဲ့စာကြောင်းတိုလေးတွေနဲ့ ကလေးတွေစိတ်ဝင်စားစေမယ့် ရုပ်ပြပုံလေး တွေပါပါတာကြောင့် လူကြီးတွေအပြင် သားသားမီးမီးလေးတွေပါ ဖတ်ရှုနိုင်မယ့် စာအုပ်လေး တစ်အုပ်ဖြစ်ပါတယ်။
- ISBN : -
- Publisher :
- Published Date : Sep 29 2005
- Number of Pages : 55 Pages