သားသမီးရင်သွေးငယ် ပိုင်ဆိုင်ထားတဲ့ မိဘတွေ၊ မေမေအသစ်လေးတွေအတွက် ချစ်စရာလဲ ကောင်း ကြည်နူးစရာလဲကောင်းတဲ့ စာအုပ်ပိစိလေးနဲ့ မိတ်ဆက်ပေးချင်တယ်။
မူရင်းစာအုပ်က စာရေးဆရာ Thomas Kinkade ရေးသားတဲ့ “A Child is a Gift”ဆိုတဲ့ စာအုပ်ဖြစ်ပြီး ဆရာဇော်ဟန်ဇော်ကနေ “သားငယ်သမီးငယ်ဆိုတာ ဘဝကပေးတဲ့ လက်ဆောင်ပဏ္ဏာ” ဆိုပြီး မြန်မာဘာသာပြန်ဆိုထားပါတယ်။
မိဘတစ်ယောက် ဖြစ်လာရတာက ဘဝသစ်ကို ကူးပြောင်းသွားရသလိုပဲ။ အစစအရာရာမှာ ကိုယ့်အတွက်ဆိုတာထက် ရင်သွေးငယ်လေးအတွက် ဦးဆုံးစဉ်းစားရတယ်။ မွေးကင်းစအရွယ် လေးကနေ လူလားမြောက်လို့ အတောင်ဆုံတဲ့အချိန်ထိ အရိပ်တကြည့်ကြည့်နဲ့ ကြည့်ရှုစောင့်ရှောက် ကြရတယ်။ မိဘတစ်ယောက်ဖြစ်ရတာ မလွယ်ကူသလို မိဘတာဝန်ကလဲ ကြီးမှန်းသိကြမှာပါ။
ဒါကြောင့်ပဲ ဒီစာအုပ်လေးက လက်ရှိ မိဘနေရာရောက်နေသူတွေနဲ့ မိဘလောင်းလျာတွေ အတွက် မိသားစုတန်ဖိုးနဲ့ မိဘတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်ဖို့ စိတ်ဓာတ်ခွန်အား လှုံ့ဆော် ပေးတဲ့ စာအုပ်လေးလို့ ပြောရပါမယ်။
စာအုပ်ထဲမှာ Thomas Kinkadeရဲ့ စိတ်ဝင်စားစရာအနုပညာလက်ရာတွေ၊ ထင်ရှားတဲ့ စာရေးဆရာများရဲ့ Quote တွေကို ဖတ်ရမှာမို့ မိဘတွေအတွက် စိတ်ကြည်နူးပျော်ရွှင်မှု ပေးစွမ်းနိုင်မှာ အသေအချာပါပဲ။ စာအုပ်ဖတ်ပြီး ကျွန်တော်အကြိုက်တွေ့ဆုံး Quoteလေးက “တစ်ဦးနဲ့တစ်ဦး စကားပြောဆိုမှုတိုင်း၊ ထွေးပွေ့မှုတိုင်း၊ နမ်းရှုပ်မှုတိုင်း၊ ချော့မြှူမှုတိုင်းနှင့် အချင်းချင်းသဘောချင်း မတိုက်ဆိုင်မှုတိုင်းသည် မိမိဘဝအတွင်း နေ့ပေါင်းများစွာ၊ နာရီပေါင်းများစွာ ရေးဆွဲနေသော နေအိမ်ပန်းချီကားအတွက် နောက်ထပ် စုတ်ချက်များဖြင့် သလိုက်ခြင်းပင်ဖြစ်၏။ ” - သောမတ်စ် ကင်းကိတ်
တစ်ခါတစ်လေ မိသားစုတွင်း အဆင်မပြေမှုတွေကြုံရပေမယ့် ဒီQuoteလေးဖတ်လိုက်ချိန် အပြုံးပန်းလေး ပြန်လည်ပွင့်လန်းနိုင်မယ်လို့ ကျွန်တော်တော့ ယုံကြည်တယ်။ စာအုပ်ကောင်းလေးမို့ ဖတ်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။
- ISBN : 104082
- Publisher : Sar Pay Law Ka
- Published Date : Aug 01 2006
- Number of Pages : 76 Pages