''ဘဝလေးထဲမှာ ပျော်စရာ'' ပထမဆုံး စာအုပ်နာမည်လေးကို ဖတ်လိုက်ရတာနဲ့ကို စိတ်ထဲမှာ ကြည်ကြည်လင်လင် ဖြစ်သွားမိတာပါပဲ။ စာအုပ်တွေထဲမှာ သူနဲ့သက်ဆိုင်တဲ့ သရုပ်ဖော် ပန်းချီပုံ ကာတွန်းပုံလေးတွေပါရင် သဘောကျတတ်တော့ ဒီစာအုပ်လေးကိုလည်း သဘောကျမိတယ်။ ဒီစာအုပ်လေးဟာ မူရင်းစာရေးဆရာ Andrew Matthewsရဲ့ လူကြိုက်အများဆုံး Happiness in a Nutshell စာအုပ်လေးပါ။ လူကြိုက်များပြီး ရောင်းရလွန်းလို့ အကြိမ်ကြိမ် ပုံနှိပ်ထုတ်ဝေရတဲ့ စာအုပ်လေးတစ်အုပ်ပါ။ စာအုပ်လေးထဲက အကြောင်းအရာတွေဟာ တိုတိုလေးနဲ့ လက်တွေ့ကျပြီး ပျော်ရွှင်ဖို့အတွက် ကိုယ်တိုင် လက်တွေ့လုပ်ကြည့်ဖို့ မခက်ခဲလှတဲ့ နည်းလမ်းလေးတွေပါ။ ''လူတိုင်းမှာ အရှုံးကတော့ ရှိနိုင်တာပါပဲ။ အကောင်းဆုံး အားစိုက်ထုတ်မှု မရှိခဲ့လို့ ရှုံးရတာကသာ စိတ်ထိခိုက်ဖို့ ကောင်းတာပါ။ ''များပြားလှတဲ့ သင့်ရဲ့ ရည်မှန်းချက်တွေထဲမှာ စိတ်အေးချမ်းမှု ရရှိရေးကသာ သင့်ရဲ့ နေ့စဥ်ရည်မှန်းချက်ဖြစ်နေရင် သင့်အခြေအနေက တစ်နေ့ထက် တစ်နေ့ ယခုထက် ပိုကောင်းလာပါလိမ့်မယ်။'' လူတွေကို တကယ်ချစ်ရင် သူတို့ဖြစ်ချင်တာတွေ ဖြစ်နိုင်ဖို့၊ သူတို့နေချင်ရာမှာ နေနိုင်ဖို့နဲ့ လွတ်လပ်မှု ပေးနိုင်ဖို့ လိုပါတယ်။ ဒီစာအုပ်လေးရဲ့ဒီဇိုင်းလေးက ချစ်ဖို့ကောင်း ပြီးတော့ သွားလေရာမှာ အလွယ်တကူ အိတ်ထဲ ထည့်ယူသွားလို့ရတဲ့ အိတ်ဆောင် စာအုပ်လေးငယ်လေး တစ်အုပ်ပါ။
- ISBN : 104083
- Publisher : Sar Pay Law Ka
- Published Date : Jan 01 2005
- Number of Pages : 77 Pages