စာအုပ်ထဲမှာ သိန်းဖေမြင့်၊ စမ်းစမ်းတင်၊ မောင်စွမ်းရည်၊ ကလျာ(ဝိဇ္ဇာ-သိပ္ပံ)၊ လူထုစိန်ဝင်း၊ ချစ်ဦးညို၊ ခင်ဆွေဦး၊ ရွှေကူမေနှင်း၊ မစန္ဒာ၊ နတ်နွယ်၊ ခမောက်ရန်ပိုင်၊ ခင်ပန်နှင်း၊ ခင်မောင်တိုး(မိုးမိတ်)၊ မောင်ညိုပြာ၊ ဦးကျော်ဇေယျ+ဒေါ်ခင်ပိုပို စတဲ့ စာရေး ဆရာတို့ရဲ့ လက်ရာမွန်တွေ ပါဝင်ပါတယ်။
''လက်ထပ်ကြပြီဆိုရင်ဖြင့် ကိုယ့်စိတ်ဆန္ဒနဲ့ သူ့စိတ်ဆန္ဒ ညှိပေးရလိမ့်မယ်။ ကိုယ့်အလိုနှင့် သူ့အလို သမမျှတစေရလိမ့်မယ်။ ဒါမှ နှစ်ကိုယ့်တစ်စိတ်ဖြစ်မယ်။''
''အိမ်ထောင်ကျသွားပြီဆိုရင် ဘာအရေးကြီးဆုံးလဲ။ စားဝတ်နေရေးအဆင်ပြေရင် ပြီးတာပဲလို့ ထင်မိပေမယ့် မဟုတ်သေးဘူး။''
''ယောကျ်ားတွေရဲ့ ကောင်းသောလုပ်ရပ်ကို ဇနီးက ချီးကျူးအမွှန်းတင် ပြောဆိုရင် သူတို့ သိပ်ကျေနပ်တတ်ကြပါတယ်။''
''အိမ်ထောင်ရေးမှာ အရေးကြီးတာက ကြိုးကို မှန်မှန်ညှိဖို့ပါ။''
'' သံသယ၏နောက်တွင် အဆိုးတရားများ၊ ပြဿနာများပါလာတတ်သည်။''
စာအုပ်လေးထဲမှာ အိမ်ထောင်သည်ဘဝ ကြုံရမယ့် အရာတွေအတွက် ပြင်ဆင်ထားသင့် တဲ့ အချက်တွေ၊ ပြောင်းလဲထားရှိသင့်တဲ့ စိတ်ထားတွေကို မှတ်သားဖွယ် ရေးသားထားပါတယ်။ အိမ်ထောင်မပြုခင်မှာလည်း ဘယ်လိုလူမျိုးကို ဦးစားပေးရွေးချယ်သင့်ကြောင်း၊ အိမ်ထောင်ပြုပြီးရင်လည်း ကိုယ့်ရဲ့အိပ်မက်တွေကိုလည်း ဆက်မက်ပြီး တစ်ဖက်မှာလည်း ကိုယ့်ရဲ့အိမ်ထောင်ရေးကိုပါ အောင်မြင်အောင် ပြုလုပ်နိုင်စေမယ့် အကြောင်းတွေကို ရေးသားထားတဲ့အတွက် ယခုခေတ်လူငယ်များ ဖတ်ရှုဖို့ လက်မလွှတ်သင့်တဲ့ စာအုပ်လေးဆိုရင် မမှားပါဘူး။
မိမိရဲ့အိမ်ထောင်သည်ဘဝမှာ အောင်မြင်ပြီး ပျော်ရွှင်တဲ့ အိမ်ထောင်သည်ဘဝကို ရရှိချင်ကြတဲ့သူတွေအတွက် ဒီစာအုပ်လေးက လူငယ်တိုင်းအတွက် လက်ဆောင်မွန်လေး တစ်ခုပါ။ ဒီစာအုပ်လေးထဲမှာ အိမ်ထောင်သည် လူငယ်တွေအတွက် အကျိုးရှိလှပြီး တွေးစရာတွေကိုပေးတဲ့ အိမ်ထောင်သည်သာယာရေး အချက်၁၆ချက်ကိုလည်း ထည့်သွင်း ရေးသားထားပါတယ်။
အိမ်ထောင်ပြုရတာ လွယ်ကူကောင်း လွယ်ကူနိုင်ပေမယ့် ပျော်ရွှင်သာယာတဲ့ အိမ်ထောင်ရေးတစ်ခုဖြစ်ဖို့က အိမ်ထောင်ရေးအနုပညာရှိဖို့ လိုပါတယ်။ အိမ်ထောင်ရေး အနုပညာကို သိမ်မွေ့နူးညံစွာနဲ့ ဖန်တီးပုံဖော်နိုင်မယ့် စွမ်းအားတွေကို ရရှိစေမယ့် စာအုပ်ကောင်းလေးတစ်အုပ်ပဲ ဖြစ်ပါတယ်။
- ISBN : -
- Publisher :
- Published Date : Jun 29 2002
- Number of Pages : 247 Pages