အခုဖတ်ကြည့်ဖို့ ညွှန်းချင်တဲ့ စာအုပ်လေးက ပေါ့ပေါ့ပါးပါးလေးနဲ့ ပညာပေးမယ့် စာအုပ်လေး။ စာအုပ် ဆိုတာထက် မြန်မာနိုင်ငံရဲ့ ပထမဆုံးအသံသွင်းစာအုပ်လို့ ပြောတာ ပိုမှန်တယ်။
တခြားမဟုတ်ပါဘူး။ ဆရာအောင်သင်း စာပေဟောပြောပွဲမှာ ပြောသွားတဲ့ စကားတွေကို စာအုပ်အနေနဲ့ ပြန်လည်ထုတ်ဝေထားတဲ့ အသံသွင်းစာအုပ်လေးအကြောင်း ပြောမှာပဲ ဖြစ်ပါတယ်။
ဒီစာအုပ်လေးမှာဆို အပိုင်း(၂) ပိုင်းပါတယ်။ ပထမပိုင်းမှာ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ လက်ဖက်ရည်ဆိုင် ယဉ်ကျေးမှု အလွန်ထွန်းကားသလို စာကြည့်သင်းယဉ်ကျေးမှုလည်း ထွန်းကားဖို့လိုကြောင်း၊ ဒီ စာကြည့်သင်း ယဉ် ကျေးမှု ထွန်းကားခြင်းဟာ တိုင်းပြည်တစ်ပြည်၊ လူမျိုးတစ်မျိုး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘယ်ရွေ့ဘယ်မျှ အရေးပါကြောင်းကို ဥပမာပေါင်း၊ သာဓကပေါင်းများစွာပေးပြီး ထောက်ပြသွားတာကို ဖတ်ရှုရတာမို့ ကျွန်တော် တော့ ဗဟုသုတတော်တော်လေး ရခဲ့ပါတယ်။
ဒုတိယပိုင်းမှာကျ လူငယ်တွေကို ကိုယ်ရွေးချယ်လို့မရတဲ့ အရာတွေအပေါ်မှာ စိတ်ညစ်မခံဘဲ အရှိကို အရှိတိုင်း လက်ခံပြီး ဘဝကို အရှုံးမပေး ကြိုးစားရှင်သန်သွားဖို့ စိတ်ဓာတ်ခွန်အားပေးထားတာကို တွေ့ရပါတယ်။ ဒီအပိုင်းလေးကို ဖတ်ပြီး ကိုယ့်ကိုယ်ကိုယ် အားငယ် စိတ်ပျက်မိတာတွေ လုံးဝပျောက်ကွယ်သွားတယ်။ အရှိကို အရှိအတိုင်းလက်ခံဖို့ ပိုပြီးကြိုးစားဖြစ်လာတယ်။ ကိုယ့်ကိုယ်ကိုလဲ “ You can do it everything you want (မင်းအလိုရှိတာမှန်သမျှ ဖြစ်နိုင်တယ်)”လို့ ယုံကြည်လာတယ်။ လက်ခံလာတယ်။ စိတ်ဓာတ်ခွန်အား ရလာခဲ့ တယ်။
ဒါကြောင့် ပျားသကာရည်ပေါ် သကြားရည်ထပ်လောင်းသလိုမျိုးများဖြစ်နေမလားတော့ မသိပေမယ့် Sharing is caring ဆိုသလို ကျွန်တော်ရခဲ့တဲ့ အသိပညာ၊ စိတ်ဓာတ်ခွန်အားမျိုး စာဖတ်သူလဲ ပိုင်ဆိုင်နိုင်ဖို့ ဒီစာအုပ်လေးကို ဖတ်ကြည့်ဖို့ တိုက်တွန်းရင်း ...
- ISBN : -
- Publisher :
- Published Date : Oct 31 2000
- Number of Pages : 86 Pages