ဒီရက်ပိုင်း ပိတ်ရက်တွေရှိတော့ “ ဓမ္မပဒ ” စာအုပ်လေးဖတ်မိရင်းကနေ ဒီအတွေးလေးတွေ ခေါင်းထဲဝင် လာမိတယ်။ “ သူများအပေါ် နစ်နာအောင် ပြောခဲ့လုပ်ခဲ့ ခြေထိုးခဲ့မိလား။ ကိုယ့်လုပ်ရပ် တွေ မှန်ရဲ့လား။ ကိုယ်ကျိုးအတွက်ပဲ ကြည့်ခဲ့မိလား။” ဆိုတဲ့အတွေးတွေပေါ့။
ဒီစာအုပ်လေးက ဘုရားရှင်ရဲ့ နှစ်ပေါင်း ၂၅၀၀ ကျော်လောက်က ဓမ္မပဒဟူသော အမည်နဲ့ ထင်ရှားတဲ့ တရားအနှစ်ချုပ် စာပုဒ်ကလေးများကို ပြန်လည်စုစည်းထားတဲ့ စာအုပ်လေးတစ်အုပ်ပါ။ ဓမ္မပါဒပါဠိမူကို ဆရာတော် အရှင်သေဠိလက မြန်မာဘာသာသို့လည်းကောင်း၊ ဆရာတော် ဗုဒ္ဓရက္ခိတက အင်္ဂလိပ် ဘာသာသို့လည်းကောင်း ပြန်ဆိုထားတာကြောင့် မြန်မာ-အင်္ဂလိပ် နှစ်ဘာသာနဲ့ ဖတ်ရှုနိုင်မှာပဲ ဖြစ်ပါတယ်။
တစ်ပုဒ်ချင်းစီမှာ သေချာစဉ်းစားသုံးသပ်ရမယ့် အတွေးအယူအဆများစွာ ပါတာမို့ အေးအေးဆေးဆေး ဖတ်ကြည့်ဖို့လဲ အကြံပြုချင်ပါတယ်။ ပြီးတော့ စာပုဒ်ကလေးတွေကို ဖတ်ကောင်းရုံ၊ ဖတ်ပြီး သိရရုံမျှလောက်နဲ့ မတင်းတိမ်ဘဲ လက်တွေ့လိုက်နာ ကျင့်ကြံအားထုတ်ဖို့လဲ တိုက်တွန်းချင်ပါသေးတယ်။ တကယ်သာ လက်တွေ့လိုက်နာကျင့်ကြံနိုင်မယ်ဆို ကိုယ့်ရဲ့ နေ့စဉ်ဘဝမှာပါ အကျိုးတရား ပေါ်ပေါက်လာနိုင်မယ့် စာအုပ်ကောင်းလေးဖြစ်တာမို့ ဖတ်ကြည့်ထားသင့်တဲ့ စာအုပ်လို့ပဲ ပြောလိုက်ပါရစေ။
- ISBN : 9789998695252
- Publisher :
- Published Date : Dec 30 2006
- Number of Pages : 426 Pages