မျှော်လင့်ခြင်း သို့မဟုတ် နောက်ဆုံးဖယောင်းတိုင်

ဘုန်းခေါင်

750 MMK

မူရင်းစျေး ၈၀၀ ( ၁၀%လျှော့စျေး)

Out Of Stock


ဒီကာလမှာ ဖတ်ထားသင့်ဆုံး စာအုပ်လို့ရည်ညွှန်းချင်ပါတယ်။ ဘာကြောင့်ဆို


လူဆိုတာ မျှော်လင့်ချက်နဲ့အသက်ရှင်နေကြရတာမလား။ “ မျှော်လင့်ချက် " သာမရှိဘူးဆိုရင် အသက် ရှင်လျက်နဲ့ ဘဝသေနေသူတစ်ယောက်လိုပဲဖြစ်နေမှာ။ ဘယ်လိုအခြေအနေ၊ အခက်အခဲမျိုးနဲ့ကြုံရပါစေ ကျွန်တော်တို့တွေရဲ့ “ မျှော်လင့်ချက် " ကို လက်မလျှော့ဘဲ စွဲစွဲမြဲမြဲဆုပ်ကိုင်ထားဖို့လိုပါတယ်။


စာအုပ်ထဲမှာအသိပေးသွားတာလဲ ကျွန်တော်အပေါ်ကပြောသလိုပဲ။ “မျှော်လင့်ချက်"ကသာ “ယုံကြည်မှု၊ ငြိမ်းချမ်းမှုနဲ့ ချစ်ခြင်းမေတ္တာတရား” တွေကို ယူဆောင်ပေးလာနိုင်မယ့် တစ်ခုတည်းသောအရာ ဖြစ်ကြောင်း လမ်းညွှန်ထားတာကိုဖတ်ရမှာပါ။ ပြီးတော့ စာအုပ်ထဲကဘယ်စာမျက်နှာကိုပဲ လှန်လိုက် လှန်လိုက် စာမျက်နှာတိုင်းမှာ ကိုယ့်အတွက်အကောင်းဆုံးအလုပ်ဖြစ်မယ့် လမ်းညွှန်ချက်တွေ၊ အကြံ ဉာဏ်တွေ၊ အားပေးစကားတွေ၊ Motivation Quote တွေကို တွေ့မြင်ဖတ်ရှုနိုင်မှာပဲဖြစ်ပါတယ်။


ကျွန်တော်တော့ ဒီစာအုပ်လေးကို ဖတ်စေချင်တယ်။ ဒီကာလမှာ အနာဂတ်ပျောက်နေတဲ့လူငယ်တွေ၊ စီးပွားပျက်ကပ်ဆိုက်နေတဲ့လုပ်ငန်းငယ်လေးတွေ စတဲ့အဆင်မပြေမှုတွေနဲ့ရင်ဆိုင်နေရတဲ့လူတွေ အတွက် နှစ်သိမ့်မှု၊ အားပေးမှု၊ လမ်းညွှန်ချက် တစ်စုံတစ်ရာပေးစွမ်းနိုင်မယ်လို့ မျှော်လင့်ရလို့ပါပဲ။


မူရင်းစာအုပ်က Paul Wilson ရေးသားထားတဲ့ “ Hope ” ဆိုတဲ့စာအုပ်ဖြစ်ပြီး ဆရာဘုန်းခေါင်ကနေ “မျှော်လင့်ခြင်း သို့မဟုတ် နောက်ဆုံးဖယောင်းတိုင်” ဆိုတဲ့အမည်နဲ့ မြန်မာဘာသာပြန်ဆိုထားတဲ့ စာအုပ်ပဲဖြစ်ပါတယ်။ အိတ်ဆောင်စာအုပ်ဆိုဒ်မို့ ဖတ်ရတာပေါ့ပေါ့ပါးပါးရှိမှာပါ။



  • ISBN : -
  • Publisher :
  • Published Date : Jul 30 2006
  • Number of Pages : 197 Pages
-

We Accept

SHIPPING

Delivery within Yangon will take around 3 days. Delivery outside Yangon will be sent to express gate of your choosing and will take around 5 days.

RETURN AND EXCHANGE POLICY

We accept exchanges in the result of our errors only (e.g receive wrong items, faulty products and damaged during delivery). Customers can contact our staff for the exchange of products directly at 09446446119 and can be arranged for pick up our Junction Square or Pansodan branches.