မိတ်ဖြစ်ဆွေဖြစ် - ဂျင်မီ
ဘဝမှာ ပျော်စရာနဲ့စိတ်ဆင်းရဲစရာ အဖြစ်ရဆုံးတို့ရဲ့ ဇစ်မြစ်ကိုကြည့်ရင် ကိုယ့်ပတ်ဝန်းကျင်က သူတွေနဲ့ ဆက်ဆံရေး အခြေအနေပေါ်မှာ မူတည်ပြီး ကိုယ့်ရဲ့စိတ်အဆင်ပြေမှု မပြေမှုက အများဆုံးဖြစ်တည် နေတယ်လို့ ပြောရင် မမှားပါဘူး။ ကိုယ်စိတ်မချမ်းမသာ ဖြစ်နေရင် ကိုယ့်ပတ်ဝန်းကျင်ကသူတွေကိုလည်း ကိုယ်က စိတ်မချမ်းမသာဖြစ်အောင် လုပ်မိတတ်ကြတာ အားလုံးသိကြမှာပါ။ ကိုယ့်ကိုယ်ကိုယ် ချစ်ရင် ကိုယ်ကိုယ်တိုင်လည်း စိတ်ချမ်းသာစေသလို ကိုယ့်ပတ်ဝန်းကျင်က သူတွေကိုပါ စိတ်ချမ်းသာစေတဲ့ အပိုဆု လေး ပေးလိုက်တာပါပဲ။ တစ်ခြားသူတွေကို ကိုယ်ဖြစ်စေချင်သလို သွားပြောင်းခိုင်းလို့ မရပါဘူး။ ကိုယ့်ရဲ့ အတွေးတွေကို ပြောင်းလဲပစ်ခြင်းကသာ ကိုယ်စိတ်ကျေနပ်မှု ရဖို့ သေချာတဲ့နည်းလမ်းတစ်ခုပါပဲ။ သင့်မှာ ဆိုးရွားတဲ့ ဘဝအခြေအနေရှိနေခဲ့ရင်တောင် ဘယ်သူ့ကြောင့်ဆိုတဲ့ အပြစ်တင်တဲ့ စိတ်ကိုရပ်လိုက်ပြီး ကိုယ့်ဘာသာ တာဝန်ယူလိုက်ပါ။ ကိုယ့်ဘာသာ ပျော်အောင်နေလိုက်ပါ။ အဲ့လိုလုပ်လိုက်တာနဲ့ တစ်ပြိုင်နက် ချက်ချင်းဘဝဟာ ကောင်းမွန်လာပါလိမ့်မယ်။ ကိုယ်အခုဖြစ်နေတဲ့အရာတွေကို ကိုယ်သဘောမကျဘူးဆိုရင် အခု ကိုယ်လုပ်နေတာတွေကို ပြောင်းလဲလိုက်ပါ။ ကိုယ့်ဘေးနားကသူတွေကို ကိုယ်ဖြစ်စေချင်သလို ပြောင်းလဲစေချင်တယ်ဆိုရင် ကိုယ်က အရင်ပြောင်းလဲကြည့်လိုက်ပါ။ တစ်ခုခုတော့ စိတ်ကျေနပ်မှု ရှိသွားစေ မယ်ဆိုတာ ကျိန်းသေပါတယ်။ ကိုယ့်ဘေးနားကသူတွေက ကိုယ့်ကိုဆက်ဆံတဲ့ပုံကို သဘောမကျရင် သူ့တို့ ကို ကိုယ့်ကိုဆက်ဆံစေချင်တဲ့ပုံစံကို ပြောင်းလဲဖို့ ကြိုးစားရင် ကိုယ်ပဲ မောရုံရှိတော့မှာပါပဲ။ ကိုယ့်အနေနဲ့ ဒါကိုလက်ခံပြီး ကိုယ့်ရဲ့ မျှော်လင့်ထားတာတွေကို လျှော့ချလိုက်ရင် သင့်အနေနဲ့ အများကြီးနေရတာ အဆင် ပြေသွားပါလိမ့်မယ်။
ဒီစာအုပ်လေးကတော့ လူအချင်းချင်းဆက်ဆံရေးကောင်းရင် နေရတာ ပျော်စရာတွေ ပိုများပြီး စိတ်ဆင်းရဲစရာတွေနည်းသွားနိုင်တဲ့ အတွေးအမြင်လေးတွေကို အများကြီးပြောပြထားတဲ့ စာအုပ်လေးမို့ အားလုံးရဲ့ လိုအပ်ချက်ကို ဖြည့်ပေးမယ့် စာအုပ်လေးတစ်အုပ်ဆိုရင် မမှားပါဘူး။
တန်ဖိုး - ၂၀၀၀ကျပ်။
ဒုတိယအကြိမ်၊ မေလ၊ ၂၀၁၄ ခုနှစ်။
စာအုပ်တိုက် - စာပေလောက။
စာမျက်နှာ - ၁၃၇ မျက်နှာ။
- ISBN : -
- Publisher :
- Published Date : Mar 31 2014
- Number of Pages : 137 Pages