“ဖြစ်ချင်တယ်မဖြစ်ချင်ဘူးဆိုတာတွေထက် ဖြစ်လာသမျှကိုရဲရဲဝံ့ဝံ့ရင်ဆိုင်ဖို့သာအရေးကြီးတာပါ၊ ကိုယ်နေချင်သလိုမဖြစ်တဲ့လောကကြီးမှာ ဖြစ်လာတာကိုသာရင်ဆိုင်ရတော့မှာပဲ၊ ဘဝဆိုတာကိုယ် တည်ဆောက်သလို ကိုယ်မျှော်မှန်းသလိုဖြစ်တတ်တာမျိုးမှမဟုတ်တာ”
“လူဆိုတာမာနရှိရတယ် သမီး၊ ကျွေးတိုင်းမစားရဘူး၊ ပေးတိုင်းမယူရဘူး”
“ဟောဒီမှာ တွေ့လား၊ ဘယ်လိုပစ်ပစ် ဘယ်တော့မှမလဲဘူး၊ အမြဲတမ်းထောင်နေတဲ့ ပစ်တိုင်းထောင် ပစ်တိုင်းထောင်တဲ့ပစ်တိုင်းထောင် ဘယ်လောက်အတုယူစရာကောင်းသလဲ ဘယ်လောက်အားကျစရာ ကောင်းသလဲ”
“ငရုတ်သီးဖြစ်ပြီးမစပ်ရင် ဒီငရုတ်သီးဟာတာဝန်မကျေတဲ့ငရုတ်ပဲ”
“လုပ်ချင်တာလုပ်နောက်မဆုတ်နဲ့၊ ဖြစ်ချင်တာဖြစ်စိတ်မညစ်နဲ့”
“သမီးလုပ်ချင်တာကို သမီးလုပ်မှာပဲ၊ တားလို့မရဘူးဆိုတာအမေသိပါတယ်၊ ဒါပေမယ့် ကိုယ်လုပ်ချင်တဲ့ အလုပ်ဟာမှားသလား၊ မှန်သလား လုပ်သင့်သလား၊ မလုပ်သင့်ဘူးလားဆိုတာတော့စဉ်းစားပါ”
“ငါ့သမီးခေါင်းမာတာတော့ငါအသိပဲ၊ ဒါပေမယ့် အဲ့ဒီအင်မတန်မာတဲ့အခွံထဲမှာတော့ဦးနှောက် ကောင်းကောင်းရှိလိမ့်မယ်လို့ငါထင်ခဲ့တယ်”
ဖတ်ပြီး သဘောကျမိတဲ့စကားပြောလေးတွေ...
စာအုပ်ထဲမှာ ဘဝရဲ့မပြည့်စုံမှုတွေ၊ မလုံလောက်မှုတွေကြားထဲစိတ်ပျက်ဝမ်းနည်းမနေဘဲ ကြုံဆုံလာ သမျှအခြေအနေတိုင်းကိုရင်ဆိုင်ဖြေရှင်းဖို့ခွန်အားသတ္တိတွေပေးနေတယ်လို့ခံစားရတယ်။
ပြီးတော့ “လူတစ်ယောက်ဟာ ပစ္စည်းဥစ္စာဆင်းရဲချင်ဆင်းရဲမယ် စိတ်ဓာတ်မဆင်းရဲဖို့” ကိုလဲ အဓိက ဇာတ်ကောင် နွဲ့ရည်ရဲ့အဖေဆုံးမပုံတွေကနေတစ်ဆင့် သင်ယူခွင့်ရခဲ့တယ်။
မိန်းမသားပေမယ့်လဲ စိတ်ဓာတ်ခိုင်မာပြီးပြတ်သားလွန်းသန်မာလွန်းလှတဲ့ ဇာတ်ကောင် နွဲ့ရည်ကိုကြည့် ပြီးလည်း မိန်းကလေးတွေကို အတုယူစေချင်တယ်။ မိန်းကလေးတွေအတွက် ခွန်အားသတ္တိတွေ ပေးနိုင်မယ့်စာအုပ်ကောင်းတစ်အုပ်ပဲဖြစ်ပါတယ်။
- ISBN : -
- Publisher :
- Published Date : Feb 29 2012
- Number of Pages : 123 Pages