အတိုကောက်ဝေါဟာရ အဘိဓာန်

ညွှန့်ဝေမိုး

2700 MMK

မူရင်းစျေး ၃၀၀၀ ( ၁၀%လျှော့စျေး)

In Stock

Quantity

အင်္ဂလိပ်စာလေ့လာနေတဲ့ ညီငယ်ညီမငယ်လေးတွေအတွက် ဆရာညွန့်ဝေမိုးရဲ့ အတိုကောက်ဝေါဟာရ အဘိဓာန်စာအုပ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။


အားလုံးလည်းသိနှင့်ပြီးဖြစ်မှာပါ အင်္ဂလိပ်ဘာသာစကားက  နေ့စဉ်နေ့တိုင်းဆိုသလို ဝေါဟာရသစ်တွေ၊ အသုံးအနှုန်းသစ်တွေ အမြဲမပြတ်တိုးပွားနေတာဆိုတော့ ဝေါဟာရကြွယ်ဝအောင် လုပ်တဲ့နေရာမှာ အတို ကောက် ဝေါဟာရများကိုလေ့လာချင်းကလည်း နည်းလမ်းတစ်ခုဖြစ်ကြောင်းကို ဆရာကြီးက လမ်းညွှန် ပြသပေးထားပါတယ်။


ပြီးတော့ ဒီအဘိဓာန်ကိုပြုစုတဲ့အခါမှာ ဦးတည်ချက်နှစ်ရပ်ထားရှိကြောင်းလဲပြောထားပါတယ်။  ပထမ ဦးတည်ချက်က အတိုကောက်ဝေါဟာရများကို လေ့လာခြင်းဖြင့်  အင်္ဂလိပ်ဝေါဟာရ တိုးပွားမှတ်သား လာနိုင်အောင်နဲ့ ဒုတိယဦးတည်ချက်က အတိုကောက်ဝေါဟာရများဖြင့် ကိုယ်စားပြုထားတဲ့ နိုင်ငံ တကာဗဟုသုတကြွယ်ဝစေရေးတို့ပဲဖြစ်ပါတယ်။


စာအုပ်ထဲကနေဆွဲထုတ်ပြီးဥပမာပေးရမယ်ဆို ကျွန်တော်တို့ပြောပြောနေကြ NASA ဆိုတဲ့ အတို ကောက်ဝေါဟာရကို အဓိပ္ပာယ်ဖွင့်မယ်ဆို (National Aeronautics and Space Administration - အမျိုးသားလေကြောင်းနှင့် အာကာသစီမံအုပ်ချုပ်ရေးအဖွဲ့) ဆိုပြီး ဖွင့်ဆိုနိုင်ပါတယ်။ နောက်ထပ် တစ်ခုအနေနဲ့ G.B.S ဆိုတဲ့ အတိုကောက်ဝေါဟာရကိုကြည့်မယ်ဆို George Bernard Shaw ကို        ရည်ညွှန်းပြောဆိုမှန်း စာပေမွေ့သူတိုင်းသိနားလည်ထားကြမှာပါ။


စာအုပ်ထဲမှာ A to Z အထိ အသုံးများတဲ့အတိုကောက်ဝေါဟာရတွေကို စုစည်းပေးထားတဲ့အပြင် စီးပွားရေးလုပ်ငန်းသုံးတဲလက်စ်အတိုကောက်ဝေါဟာရများ (Common Abbreviations in Telexes for Business) ၊ သူနာပြုများအတွက် အသုံးများအတိုကောက်ဝေါဟာရများ (Some Common Abbreviations for Nurses) ၊ The Works of William Shakespeare ၊ Mathematical Expressions ၊ Numerical Expressions ၊ Weight & Measure စတဲ့ အသုံးများတဲ့ အတို ကောက်ဝေါဟာရများကို လက်လှမ်းမှီသလောက်စုစည်းထားတဲ့စာအုပ်ကောင်းလေးပဲဖြစ်ပါတယ်။


အင်္ဂလိပ်စာလေ့လာနေသူတွေအတွက် အသုံးဝင်မယ့် စာအုပ်ကောင်းတစ်အုပ်ဖြစ်တာမို့ ဖတ်ရှုလေ့လာ နိုင်အောင် လမ်းညွှန်ပေးလိုက်ပါတယ် ...



  • ISBN : -
  • Publisher :
  • Published Date : Jun 30 2011
  • Number of Pages : 322 Pages
-

We Accept

SHIPPING

Delivery within Yangon will take around 3 days. Delivery outside Yangon will be sent to express gate of your choosing and will take around 5 days.

RETURN AND EXCHANGE POLICY

We accept exchanges in the result of our errors only (e.g receive wrong items, faulty products and damaged during delivery). Customers can contact our staff for the exchange of products directly at 09446446119 and can be arranged for pick up our Junction Square or Pansodan branches.