ဒီစာအုပ်ဟာ ကမ္ဘာ့ရောင်းအားအကောင်းဆုံးစာအုပ်တစ်အုပ်ဖြစ်တဲ့ Rich Dad, Poor Dad(ချမ်းသာဖေဖေ ဆင်းရဲဖေဖေ)စာအုပ်ကို ရေးသားခဲ့တဲ့ Robert Kiyosakiရဲ့ Bitcoinအပါအဝင် အခြားသောCryptocurrencyများတွင် ရင်းနှီးမြှုပ်နှံခြင်းနှင့် ခေတ်ပေါ် စီးပွားရေးနယ်ပယ်တွင် Blockchain နည်းပညာ၏ အရေးပါသော အခန်းကဏ္ဍများနှင့် ပတ်သက်သည့် အတွေးအမြင် အယူအဆများကို ဘာသာပြန်ရေးသားထားခြင်းဖြစ်ပါတယ်။
Cryptocurrencyများကို အသုံးပြုရာမှာ ပင်မကျောရိုးဖြစ်တဲ့ Block chainနည်းပညာရဲ့ သမိုင်းကြောင်းနဲ့ သူ့ရဲ့အလုပ်လုပ်ပုံ ခေတ်သစ်ရင်းနှီးမြှုပ်နှံမှုတွင် သိသင့်သိထိုက်သည့် Blockchainနည်းပညာအခြေပြု ဗဟိုထိန်းချုပ်မှုကင်းသည့် Applicationများအကြောင်း ကမ္ဘာကြီးကို ပြောင်းလဲပစ်လိုက်သည့် Bitcoinနှင့် အခြားသော လူသိနည်းသည့် Cryptocurrencyများအကြောင်းကို လေ့လာဖတ်ရှုရမှာဖြစ်ပါတယ်။
ဒါ့အပြင် Bitcoinဖြင့်ငွေပေးချေခြင်းကိုလက်ခံသည့် စီးပွားရေး လုပ်ငန်းများနှင့် သတင်းအချက်အလက်နည်းပညာခေတ်(Information Age)တွင် ဒစ်ဂျစ်တယ်ငွေကြေး(Digital Money)၏ စွမ်းပကားများ၊ Cryptoတူးဖော်မှုများနှင့် Cryptocurrencyလဲလှယ်ခြင်းနှင့် ပတ်သက်ပြီး သိသင့်သိထိုက်သည်များ၊ Cryptocurrencyကို စတင်ရင်းနှီးမြှုပ်နှံသည့်အခါ သတိထားစရာအချက်များကိုပါ ရှင်းလင်းတင်ပြထားတာကိုတွေ့ရပါတယ်။
စာအုပ်ထဲမှာ အပိုင်း၃ပိုင်းခွဲထားပြီး အခန်း၁၀ခန်းပါဝင်ပါတယ်။ Bitcoinကဲ့သို့သော Cryptocurrencyများအကြောင်းကို သေချာမသိသေးသူများ သိပြီးသော်လည်း ရင်းနှီးမြှုပ်နှံမှု မည်သို့စတင်ရမည် မသိသေးသူများနှင့် ခေတ်ပေါ်နည်းပညာ အခြေပြု ရင်းနှီးမြှုပ်နှံမှုများ အကြောင်း သိရှိလိုသူများ၊ ခေတ်နှင့်အမှီ ရင်းနှီးမြှုပ်နှံချင်သူများ လေ့လာသင့်တဲ့ စာအုပ် ကောင်းတစ်အုပ်ပဲဖြစ်ပါတယ်။
- ISBN : 9789998695290
- Publisher :
- Published Date : Nov 30 2021
- Number of Pages : 82 Pages