BUY 1, GET 1 50% OFF BOOKS FOR ALL AGES

ဘယ်တော့မှ လက်မလျှော့နဲ့ ဂျက်မားရဲ့စကားများ

သွယ်သွယ်မျိုးညွှန့်

2000 MMK

In Stock

Quantity
ဘယ်တော့မှ လက်မလျှော့နဲ့ ဂျက်မားရဲ့စကားများ - သွယ်သွယ်မျိုးညွန့် 
 
ကမ္ဘာ့အအောင်မြင်ဆုံး အီလက်ထရောနစ် စီးပွားရေး စွန့်ဦးတီထွင်သူတစ်ဦးဖြစ်ပြီး တရုတ်ပြည်ရဲ့ စွန့်ဦးတီထွင် လုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ဂျက်မားဆိုတာ မသိသူမရှိသလောက် ကမ္ဘာကျော်ခဲ့တဲ့ ကမ္ဘာ့အချမ်း သာဆုံးလူတွေထဲက တစ်ဦးပါ။ သူ့ရဲ့အတွေးအမြင်တွေ စိတ်ကူးစိတ်သန်းတွေဟာလည်း စွန့်ဦးတီထွင် တွေးခေါ်ရှင်လို့ ပြောလို့ရပါတယ်။ 
ဒီစာအုပ်ထဲမှာဆိုရင် သူရဲ့အတွေးအခေါ် အယူအဆတွေ၊ အမြင်တွေ၊ သူ့ခံယူချက်တွေနဲ့ သူ့ပြောစကားတွေကို ဆယ်စုနှစ်အတွင်း လုပ်ခဲ့တဲ့ အင်တာဗျူးတွေ၊ တွေ့ဆုံပွဲတွေကနေ ကောက်နုတ် စုစည်းပြီး ထိထိမိမိတင်ပြထားတာတွေ့ရပါတယ်။ အလီဘာဘာရဲ့ပဲ့ကိုင်ရှင် ဂျက်မားဟာ သူ ဒီအခြေအနေ ရောက်အောင် ဘယ်လိုကြိုးစားခဲ့ရသလဲ။ ဘယ်လောက်ထိ ခက်ခဲရုန်းကန်ခဲ့ရသလဲဆိုတာပါ ဒီစာအုပ်လေး ထဲမှာ ဖတ်ရှုရဦးမှာပါ။ 
ဂျက်မားရဲ့စကားတွေထဲက အတွေးအမြင်လေးတွေက အတွေးကို လှုပ်နှိုးပေးပါတယ်။ နည်းနည်းဖတ် များများတွေးရမယ့် စာအုပ်လေးပါ။ စာအုပ်ရဲ့ မူရင်းအမည်က Never Give Up Jack Ma In His Own Wordsဖြစ်ပါတယ်။ အီလက်ထရောနစ် စီးပွားရေး စွန့်ဦးတီထွင်သူတစ်ဦးရဲ့ ပြိုင်ဘက်ကင်းတဲ့ စိတ်ကူး စိတ်သန်းတွေ အတွေးအခေါ်တွေ စကားစုတွေဟာ မဖတ်မဖြစ်ဖတ်စရာ စာအုပ်လေးတစ်အုပ်ပဲ ဖြစ်ပါ တယ်။ 
 
စွန့်ဦးတီထွင်အိမ်မက်ရှင်တွေအားလုံးအတွက် ကျရှုံးမှုတွေကို မကြောက်ရွံ့ဖို့ သူတို့ရဲ့ စိတ်အားထက် သန်မှုနဲ့ အိမ်မက်တွေကို မွေးဖွားနိုင်ဖို့။  
 


  • ISBN : 1956201917113
  • Publisher :
  • Published Date : Jun 27 2019
  • Number of Pages : 141 Pages
-

We Accept

SHIPPING

Delivery within Yangon will take around 3 days. Delivery Outside Yangon will take around 4-5 days. You can choose between Royal Express, Postal Delivery or any of the express car gate of your choosing.

RETURN AND EXCHANGE POLICY

We accept return and exchange in the result of our errors only (e.g. receive wrong items, faulty products, damaged during delivery). Customers can contact our staff for product exchanges directly at +95 9 446446119 and can be arranged for pick up at 33rd street office, Junction Square, Pansoedan branch.