စိတ်တည်ငြိမ်မှုဖြင့် ဘဝအောင်မြင်ရေး

တင်စိန်(ပထဝီဝင်)

3600 MMK

မူရင်းစျေး ၄၀၀၀ ( ၁၀%လျှော့စျေး)

In Stock

Quantity
ဒီစာအုပ်လေးကို ပြုစုခဲ့သည့် ဟေမင်ဆူနင်သည် ကိုရီးယားလူမျိုး ဇင်ဘုန်းကြီးတစ်ပါးဖြစ်သလို စာရေး ဆရာတစ်ဦးလည်း ဖြစ်ပါတယ်။ စာရေးသူဟာ နေ့စဉ်ဘဝမှာ ကြုံတွေ့နိုင်တဲ့ လူမှုဘဝပြဿနာတွေ အတွက် အကြံဉာဏ်တွေကို လူအများ နားလည်လွယ်ပြီး ရိုးရှင်းလွယ်ကူအောင် စာအုပ်ထဲမှာပြောပြ၊ ရေးသားထားပါတယ်။ 

ယခုခေတ်မှာ လူတိုင်းဟာ အလုပ်၊ လူမှုရေးကိစ္စ၊ မိသားစုအရေး စတာတွေနဲ့ တစ်နေ့တစ်နေ့ လုံးချာလည် လိုက်ပြီး မအားလပ်နိုင်ကြတဲ့ အချိန်မှာ စိတ်သစ် လူသစ်နဲ့ အားပြန်မွေးနိုင်ဖို့ အနားယူတတ်ဖို့ လိုပါ တယ်။ တစ်ဦးနဲ့တစ်ဦး ဆက်ဆံရေးတွေမှာလည်း ကောင်းမွန်တဲ့ ဆက်ဆံရေးတွေနဲ့အတူ ပူလောင်မှု သောကတွေ ကင်းရှင်းတဲ့ ပျော်ရွှင်ဖွယ် အချစ်ရေးတွေ ဖြစ်ဖို့ကလည်း အရေးကြီးပါတယ်။ လူတိုင်းဟာ အစစအရာရာမှာ ယခုထက်ပိုပြီး အဆင်ပြေကောင်းမွန်တဲ့ဘဝနဲ့ အနာဂတ် ဖြစ်ချင်ကြတဲ့ ဆန္ဓတွေရှိကြမှာပါပဲ။ ဒီစာအုပ်လေးထဲမှာ အနားယူခြင်း၊ စိတ်ထိခိုက် အားငယ်တဲ့အခါ၊ စွဲလန်းမှု၊ ဆက်ဆံရေး၊ ချစ်ခြင်းမေတ္တာ၊ ဘဝ၊ အနာဂတ်နှင့်ယုံကြည်မှု အစရှိတဲ့ အခန်းရှစ်ခန်း ပါဝင်ပြီး စိတ်ထဲရှင်း သွားစေမယ့် အကြံဉာဏ်တွေ အများကြီး ပြောပြထားပါတယ်။ 

- ရွေးချယ်စရာတွေများလွန်းနေတာကလည်း လူတွေကို စိတ်အနှောင့်အယှက် 
ဖြစ်စေပါတယ်။
- ကျွန်ုပ်တို့ဟာ တစ်ယောက်ယောက်ကို တစ်ခုခု အပြန်အလှန်သဘောအရ ပြန်ရဖို့ မျှော်လင့်ချက်နဲ့ ကူညီ မယ်ဆိုရင် အဲ့ဒါမျိုးက ပေးတာ မဟုတ်ပါဘူး။ ချေးတာပါ။ 
- ချစ်သူ တစ်ဦးနှင့်တစ်ဦး အဆင်မပြေလို့ လမ်းခွဲကြရင် ချစ်သူဟောင်းအကြောင်း မကောင်း မပြောပါနဲ့။
- တစ်ယောက်ယောက်နဲ့ အချစ်ရေး ပျက်ပြားသွားရင် ''သူ ပျော်ရွှင်ချမ်းမြေ့ဖို့ ငါမျှော်လင့်တယ်။''လို့ သင်တွေးမိရင် အဲ့ဒါ သင်ခရီးဆက်မယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။

စာအုပ်ထဲမှာပါတဲ့ ပန်းချီကားလေးတွေကလည်း ချစ်ဖို့ကောင်းပြီး စိတ်ကို ကြည်နူးစေပါတယ်။ အခန်း တစ်ခန်းစီရဲ့အစမှာ အက်ဆေးတစ်ပုဒ်စီနဲ့ ဖွင့်ထားပြီး အဲ့ဒီနောက်မှာမှ အကြံပြုချက် အမှာစကားအတို လေးတွေကို ဖော်ပြထားပါတယ်။ စာရေးသူက အကြံဉာဏ်တွေကို တိုတိုနဲ့ ရိုးရှင်းစွာနဲ့ ဖော်ပြထားလို့ ဖတ်ရှူရသူတွေအတွက် လွယ်ကူပြီး ထိရောက်မှုရှိစေတာဟာ ဒီစာအုပ်လေးရဲ့ ထူးခြားချက်တစ်ခုပါပဲ။
 
 


  • ISBN : 9789997196477
  • Publisher :
  • Published Date : Jun 29 2020
  • Number of Pages : 265 Pages
-

We Accept

SHIPPING

Delivery within Yangon will take around 3 days. Delivery outside Yangon will be sent to express gate of your choosing and will take around 5 days.

RETURN AND EXCHANGE POLICY

We accept exchanges in the result of our errors only (e.g receive wrong items, faulty products and damaged during delivery). Customers can contact our staff for the exchange of products directly at 09446446119 and can be arranged for pick up our Junction Square or Pansodan branches.