ကိုယ်ရေးကိုယ်တာပြဿနာများကို ဆေးကြောလိုမှု၊ အပန်းဖြေလိုမှု၊ ပျော်ရွှင်မှု၊ လွတ်လပ်မှုတို့ အတွက် အချိန်နှင့်ငွေကိုသုံးကာ၊ အေးချမ်းသာယာသောငပလီကမ်းခြေသို့ သူတို့ရဲ့မူမမှန်တဲ့ အကျင့် စရိုက်များကို သယ်ဆောင်လာကြသူများရှိကြသလို ရှုပ်ထွေးပွေလီသော၊ လောဘ မောဟတို့ဖြင့် လုယက်တိုးဝှေ့နေရသော၊ အပြေးအလွှား ရှာဖွေစားသောက်နေရသော လူ့လောကအဖွဲ့အစည်း အသီး သီးမှ လွတ်လပ်အေးချမ်းသော နေရာတစ်ခုသို့ ခေတ္တလာရောက်ခိုလှုံကြသူများလည်း ရှိသည်သာ။ အများစုကတော့ ငပလီရဲ့အလှအပကိုလည်းကောင်း၊ ရိုးသားဖြူစင်မှုကိုလည်းကောင်း၊ ချမ်းမြေ့ဆိတ် ငြိမ်မှုကိုလည်းကောင်း ခေတ္တခဏသာခံစားတတ်ကြပြီး၊ ထာဝရစွဲလမ်းတွယ်တာသူများ မဟုတ်ကြ။ ပြီးပြီးပျောက်ပျောက်ရှိကြသည်သာ။ အမြဲရှုပ်ထွေးပွေလီနေတတ်သော သူတို့၏ပြဿနာများတွင်သာ ပျော်မွေ့ခုံမင်စွာနေတတ်ကြသည်သာ။
သဘာဝအလှကို မည်မျှပင်ကြည်နူးနှစ်သက်ပါသည်ဆိုသော်လည်း ကြာရှည်စွဲမြဲမနေနိုင်ကြ။ ကျပ်တည်းကျဥ်းမြောင်းသော သူတို့၏မြို့ပြအရိပ်ကို ပြန်လည်တိုးဝင်ကာ ပြဿနာပေါင်းသောင်း ခြောက်ထောင်၏ ပင်လယ်ကြောတွင်မျောနေကြဦးမည်သာ။ ငပလီဟာ အပန်းဖြေသူများမရှိခဲ့ရင်လဲ သူ့အလိုအလျောက်လှနေမည်သာ။ အေးအေးချမ်းချမ်းရှိနေမည်သာ။ ငပလီ၏လှိုင်းတံပိုးတို့ကို တိုး၍ ထန်လာအောင် ဖန်တီးနေကြသူတို့သည်လည်း အချိန်တန်သောအခါ ငပလီကိုကျောခိုင်း ထွက်ခွာသွား ကြသည်သာ။ ရိုးမအနောက်ဘက်ခြမ်းကငပလီမှာ သည်လိုအပန်းဖြေသူတွေရှိနေသော်လည်း၊ အရှေ့ ဘက်ခြမ်းက သာမန်လူတန်းစားဘယ်လောက်များဟာ အပန်းဖြေရေးထက် ဝမ်းပြည့်ရေးအတွက် ဘယ်လိုများ လှုပ်ရှားရုန်းကန် နေထိုင်စားသောက်နေကြသလဲဆိုတာတွေကို ဆရာမမိုးမိုး(အင်းလျား) က ငပလီကမ်းခြေမှာနေထိုင်တဲ့ ဆယ်ကျော်သက်ရွယ် မိန်းကလေးတစ်ယောက်ရဲ့ အတွေးအမြင်ဘက် က ခံစားရေးဖွဲ့ထားတာဖြစ်ပါတယ်။
- ISBN : 9562018173769
- Publisher :
- Published Date : Jan 30 1997
- Number of Pages : 180 Pages