မသုဓမ္မစာရီ

မိုးမိုး(အင်းလျား)

2700 MMK

မူရင်းစျေး ၃၀၀၀ ( ၁၀%လျှော့စျေး)

In Stock

Quantity

လောကဓံကို ရင်ဆိုင်ရာမှာ တော်တော်လေး သတ္တိရှိလှတဲ့ အမျိုးသမီးနှစ်ယောက်ရဲ့ ဘဝတွေကို လှစ်ဟပြထားတဲ့ စာအုပ်တစ်အုပ်ပါ။
ဘဝတွေဟာ မျှော်မှန်းသလို ဖြစ်မလာတဲ့အခါ ရလာတဲ့ အခြေအနေပေါ်မူတည်ပြီး ဖြေရှင်းရင်ဆိုင်ကြရပါတယ်။ ဖြေရှင်းပုံချင်းမတူညီကြတော့ ရလာတဲ့ ရလဒ်တွေက ကွဲပြားကြရ ပြန်ပါတယ်။
(ဒေါ်ငွေမှုံ)
လောကဓံကို ရင်ဆိုင်ရာမှာ တော်တော်သတ္တိရှိတဲ့ အမျိုးသမီးပါ။ ဒါပေမယ့် ကံကြမ္မာကတော့ သူ့ကို တစ်ခါမှ မျက်နှာသာမပေးခဲ့ဘူးပေါ့။ ဒါပေမယ့်လဲ တက်လိုက်ကျလိုက် ဘဝကို ကြံ့ကြံ့ခံ နိုင်တဲ့ တကယ့်အာဂ အမျိုးသမီးပါပဲ။ သူ့ဘဝရဲ့ အနိမ့်အမြင့်တွေကြားက ထွန်းကားခဲ့ရတဲ့ သမီးလေး
(မသိန်းမြ တဖြစ်လဲ မသုဓမ္မစာရီ)
မသုဓမ္မစာရီ ဖြစ်လာရတာကတော့ မိခင်ဒေါ်ငွေမှုံနဲ့ အဆင်မပြေရာက အိမ်မှာမနေချင်တဲ့ စိတ်လေးပါပဲ။ အမေတူသမီး မသုဓမ္မာစာရီကတော့ သတ္တိလဲရှိ ဉာဏ်လဲကောင်းတာကြောင့် သာသနာ့‌အရိပ်မှာ အတော်ကြာပျော်ပိုက်ခဲ့ပါတယ်။ ဒါပေမယ့် အမေ့ကို သနားပြီး သံယောဇဉ် မပြတ်တာကြောင့် သာသနာ့အရိပ်ကို စွန့်ခွာပြီး ရှုပ်ထွေးပွေလီတဲ့ လူ‌့လောကကို ပြန်လာတဲ့အခါ အမေဒေါ်ငွေမှုံနဲ့ ကံတူအကျိုးပေးလို့တောင် ပြောရပါတယ်။ လောကဓံ အထုအထောင်းကို အမေဒေါ်ငွေမှုံနဲ့ မခြားရင်ဆိုင်ရတော့တာပါပဲ။
ဒါပေမယ့် ကုန်သည်၊ ပွဲစား၊ ဈေးသည်တွေကြား ဘဝအစပြုခဲ့တဲ့ ဒေါ်ငွေမှုံနဲ့ သာသနာ့ အရိပ်မှာ အဆုံးအမတွေကြား မသုဓမ္မစာရီ အနေနဲ့ ဘဝအစပြုခဲ့တဲ့ ဒေါ်သိန်းမြ လောကဓံကို ဖြေရှင်းရင်ဆိုင်ကြပုံချင်း မတူကြတော့ပါဘူး။
အာဂအမျိုးသမီး တွေရဲ့ သတ္တိ နဲ့အတူ
သာသနာ့အနွယ်ဝင် သီလရှင်ဆရာလေးတွေရဲ့ဘဝ တစ်စိတ်တစ်ဒေသ၊ လူတွေ လောဘဇော တွေ၊ မျှော်မှန်းလို့မရတဲ့ ဘဝအခြေအနေတွေကို ရင်ဆိုင်ဖြေရှင်းကြပုံတွေကို သင်ခန်းစာတွေ အပြည့်နဲ့ ဖတ်ရှုရမယ့်စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။


  • ISBN : 9562018173738
  • Publisher :
  • Published Date : Apr 28 2019
  • Number of Pages : 265 Pages
-

We Accept

SHIPPING

Delivery within Yangon will take around 3 days. Delivery outside Yangon will be sent to express gate of your choosing and will take around 5 days.

RETURN AND EXCHANGE POLICY

We accept exchanges in the result of our errors only (e.g receive wrong items, faulty products and damaged during delivery). Customers can contact our staff for the exchange of products directly at 09446446119 and can be arranged for pick up our Junction Square or Pansodan branches.