စစ်အတွင်းမှာမွေးဖွားခဲ့ပြီး မိဘတွေနဲ့အတူမနေရဘဲ တောရွာလေးတစ်ရွာမှာ အသက်မွေးမှုအတွက် ဆင်းဆင်းရဲရဲရုန်းကန်ခဲ့ရတဲ့ ဆောင်းခင်ဆိုတဲ့ကလေးမလေး(ဆောင်းဆိုပါတော့) အဒေါ်ြဖစ်သူရဲ့ ရိုက်နှက် နှိပ်စက်မှုတွေကြားမှာ ရှင်သန်ကြီးပြင်းခဲ့ရပြီး အဖွားရဲ့ဂရုစိုက်မှုအနည်းငယ်ရခဲ့သော်လည်း အဖွားဆုံးသွား တဲ့အချိန်မှာတော့ ရွှေတောင်ကြီးပြိုသလိုဖြစ်ခဲ့ရကာ ဆောင်းအရမ်းတွေ့ချင်နေတဲ့ ဆောင်းရဲ့အမေ ရီရီ့ဆီကို ရောက်ခဲ့ရပါတယ်။
ဆောင်း အမေနဲ့အတူနေခွင့်ရခဲ့ပြန်သော်လည်း မျှော်လင့်မထားတဲ့ စိန်ခေါ်မှုတွေကို စတင်ရင်ဆိုင် ရပါတော့တယ်။ ဒါဟာ အပြေးပြိုင်ပွဲတာထွက် တစ်နည်းအားဖြင့် ဘဝစချိန်ပေါ့။
ရပ်တည်မှုခြင်းမတူတဲ့ ဆောင်းနဲ့ မေမေ၊ နောက် မေမေ့အိမ်ဦးနတ် ပါပါ၊ ပါပါ့သမီး စိုးစိုးနဲ့ အဒေါ်ကြီးကြီးမေတို့ရဲ့ မာနချင်းအားပြိုင်မှုတွေကြားမှာ ဆောင်းဘယ်လိုရပ်တည်နေထိုင်ခဲ့ရမလဲ။
ကျောင်းနံရံကပ်စာစောင်မှာ ကဗျာတွေရေးရင်း ဆယ်ကျော်သက်အရွယ်ရောက်တဲ့အချိန်မှာ စာပေနဲ့ ထိတွေ့ခွင့်ရခဲ့ပြီး ဆောင်းဖြစ်ချင်တဲ့ အိပ်မက်က စာရေးဆရာမတဲ့လေ။
စာဖတ်တာမကြိုက်တဲ့ ပါပါနဲ့ စာဖတ်ဝါသနာပါတဲ့ ဆောင်း ညအိပ်ချိန်ရောက်မှ ညအိပ်မီးလေးနဲ့ စာအုပ်တွေ ခိုးဖတ်ခဲ့ရပြီး ကိုယ်ဖြစ်ချင်တဲ့ဆန္ဒထက် ပါပါနဲ့မေမေတို့ရဲ့ ဒါြဖစ်ရမယ်ဆိုတဲ့ အတ္တတွေကြားမှာ ဆောင်းတစ်ယောက် ဂတိတွေအကြိမ်ကြိမ်ပေးရင်း ကဗျာတွေရေးလိုက် စာတွေဖတ်လိုက်နဲ့ စာရေးဆရာ ဖြစ်ချင်တဲ့ပိုးက အသောမသတ်နိုင်ခဲ့ပါဘူး။
စာအုပ်တွေထဲ စွဲလမ်းခဲ့ရတဲ့ ကံ့ကော်တောနဲ့ အင်းလျားမြေကို ရောက်လာချိန်မှာတော့ အနှောင်အဖွဲ့မရှိ လွတ်ကင်းသွားတဲ့ ဆောင်းတစ်ယောက် လွတ်လပ်ခြင်းရဲ့အနှစ်သာရကို ဘယ်လောက်ထိ ခံစားသွားမလဲ။ ကံကြမ္မာအလှည့်အပြောင်း လောကဓံအဆိုးအကောင်း တစ်လှည့်စီကြုံခဲ့ရတဲ့ ဆောင်းတစ်ယောက် မိမိဖြစ်ချင်တဲ့ အိပ်မက်အတွက် ဘယ်လောက်ထိ ခက်ခဲရုန်းကန်ခဲ့ရမလဲ။ ဖြစ်သန်းခဲ့ရတဲ့ဘဝတစ်လျှောက်မှာ နောက်ဆုံးသိသွားတဲ့ အသိကဘာဖြစ်မလဲ။
စတဲ့ စိတ်ဝင်စားဖွယ်အတွေးတွေ စိတ်ခံစားမှုမျိုးစုံနဲ့ ဖတ်ရှုရမှာဖြစ်ပါတယ်။
“လောကကြီးကိုကလောင်စွမ်းဖြင့် ဖန်တီးခြယ်လှယ်နေသူ စာရေးဆရာတစ်ယောက်သည် သူ့ဘဝကိုရော စိတ်တိုင်းကျ ဖန်တီးနိုင်ပါမည်လား။
အဆုံးတစ်နေ့မှာ အထိုက်အလျောက် ဖန်တီးနိုင်ခဲ့သည်ဆိုပါက ထိုနေ့သို့ရောက်အောင် အခက်အခဲ အတား အဆီးတွေကို မည်သို့ ပြေးလွှားဖြတ်ကျော်လာခဲ့ရမလဲ။
- ISBN : 9789998696976
- Publisher :
- Published Date : Feb 28 2022
- Number of Pages : 534 Pages