လူ့ဘဝမှာနေပျော်ဆုံးဖြစ်သည့် နုပျိုလန်းဆန်းသည့် ဆယ်ကျော်သက်အရွယ်မှာပင်၊ မိခင်ဖြစ်သူ ရုတ်တရက်ဆုံးပါးသွားသဖြင့်၊ ဖခင်နှင့်ညီမသုံးယောက်တာဝန်ကို အမကြီးဖြစ်သည့် နွယ်တစ်ယောက်၊ အသက်အရွယ်နဲ့မလိုက်အောင်လှုပ်ရှားရုန်းကန်လာရတော့သည်။
ညီမလေးတွေ အရွယ်ရောက်လာတော့ အသုံးစရိတ်ကများလာတဲ့အတွက်၊ မှောင်ခိုပစ္စည်း တွေကိုပါ အရောင်းအဝယ်လုပ်လာရတယ်။ ကြုံတွေ့လာရတဲ့ အခက်အခဲတွေကိုလည်း မိမိရဲ့အားငယ် စိုးရွံမှုကို မိမိဖာသာအားတင်းပြီး ရင်ဆိုင်ကျော်လွှားခဲ့ရတယ်။ ငယ်ရွယ်ပျိုမျစ်သော မိမိ၏နှလုံးသား ကိုပင် ဥပေက္ခာပြုထားပြီး၊ အလှမ်းမမီသော လူ့လောကသဘောတရားတွေကို လိုက်လျောညီထွေစွာ လိုက်ပါကျင်လည်ကျက်စားလာခဲ့သော်လည်း၊ ပတ်ဝန်းကျင်နဲ့ မိမိအိမ်သားများကပါ မိမိကိုအထင်လွဲ ခံရတဲ့အဖြစ်နှင့်အတူ၊ မှောင်ခိုပစ္စည်းများနဲ့မိမိကို လေဆိပ်မှာ ရုတ်တရက်စစ်ဆေးခံရသောအခါ-
ငယ်ရွယ်စဥ်ကတည်းက မိမိကျန်းမာရေးကိုဂရုမစိုက်အားသည့် နွယ်တစ်ယောက်၊ ဘဝရဲ့အလှည့် အပြောင်းတွေကို ဘယ်လိုဆက်လက်ရင်ဆိုင်ကြုံတွေ့ရမလဲဆိုတာ စိတ်ဝင်တစားဖတ်ရှုကြရမဲ့ ဆရာမ မိုးမိုး(အင်းလျား)ရဲ့ ဘယ်သူလာကူပါ့မယ်
ငယ်ရွယ်ပျိုမျစ်သော မိမိရဲ့နှလုံးသားကိုပင် ဥပေက္ခာပြုထားပြီး၊ အလှမ်းမမီသော လူ့လောက သဘောတရားတွေကို လိုက်လျောညီထွေစွာ လိုက်ပါကျင်လည်ကျက်စားရင်း အစ်မကြီးအမိရာ ဆိုသည့်အတိုင်း မိသားစုတာဝန်အတွက် အရွယ်နဲ့မလိုက် လှုပ်ရှားရုန်းကန်ခဲ့သော်လည်း ပတ်ဝန်း ကျင်နဲ့ မိမိအိမ်သားများကပါ မိမိကိုအထင်လွဲခံရတဲ့အခါ ဘဝရဲ့အလှည့်အပြောင်းတွေကို ဘယ်လို ဆက်လက်ရင်ဆိုင်ရကြုံတွေ့ဉီးမလဲ…
- ISBN : 9562018173745
- Publisher :
- Published Date : Jun 29 1997
- Number of Pages : 201 Pages