ဝတ္ထုတိုများ-၁

မိုးမိုး(အင်းလျား)

2700 MMK

မူရင်းစျေး ၃၀၀၀( ၁၀%လျှော့စျေး)

In Stock

Quantity
ဝတ္ထုတိုများ -၁ စာအုပ်သည် ဆရာမမိုးမိုး(အင်းလျား)၏ ဝတ္ထုတိုများစုစည်းပုံနှိပ်မှု ပထမဆုံး စာအုပ်ဖြစ်ပြီး လူငယ်အရွယ်သို့ စတင်ဝင်ရောက်လာသည့်အချိန်တွင် ဖြတ်သန်းကျော်ဖြတ်ခဲ့ရသော ပုံရိပ်လွှာများကို ရေးဖွဲ့ခံစားထားခြင်းဖြစ်သောကြောင့် ဆရာမ၏ ငယ်မူငယ်သွေး လက်ရာများကို ခံစားဖတ်ရှုရမှာဖြစ်ပါတယ်။ ဝတ္ထုတိုစုစုပေါင်း(၁၄)ပုဒ် ပါရှိသည့်အထဲမှာမှ ဘဝတိုက်ပွဲစတင်ခြင်း၊ လောကထဲက ထွက်ပြေးချင်တယ်ဆိုတဲ့ ဝတ္ထုတိုလေးများမှာ လူငယ်အရွယ်တွင် ကြုံတွေ့ခံစားရသည့် လောကဓံတရားရဲ့ ဖြစ်ပျက်မှုများကြား ခေတ်ကာလအရိပ်အငွေ့များကို ထင်ဟပ်လျက် ပုံဖော် ရေးဖွဲ့ထားသည်များမှာ စာဖတ်သူရင်ထဲ ရသများအပြင် အတွေးများစွာ စွဲထင်ကျန်ရစ်ခဲ့ရပေ၏။ နှောင်းမိုးဆိုသည့် ဝတ္ထုတိုလေးသည် လောကသဘာဝဖြစ်စဉ် အစဉ်အလာဟောင်းများကြားတွင် ရှင်သန်ကြီးပြင်းရသော မိန်းမငယ်တစ်ဦး၏ ပုံရိပ်လွှာလေးကို ပုံဖော်ထားခြင်းမှာ မှားယွင်းသော အယူသည်းမှု အစဉ်အလာဟောင်းများကို တိုက်ဖျက်လိုသော ဆရာမ၏ အတွေးအခေါ်များကို မြင်တွေ့ရပေ၏။ စာဖတ်သူရင်ထဲသို့ ရသများဖြင့် ခံစားမှုအထွတ်အထိတ်သို့ အရောက်ပို့နိုင်ခဲ့ပေ၏။ ဝတ္ထုတိုတစ်ပုဒ်ချင်းစီသည် မတူညီသည့်ခံစားမှု ရသများဖြင့် စာဖတ်သူရင်ထဲတွင် စွဲထင်ကျန်ရစ် စေပြီး ဆရာမမိုးမိုး(အင်းလျား) စာပေလောကသို့ ဝင်ရောက်လာမှုပုံရိပ်လေးများ၊ အင်းလျားဆောင် အမှတ်တရများကို ခံစားဖတ်ရှုရမည့် စာအုပ်လေးတစ်အုပ်...။
  • ISBN : 9789998697614
  • Publisher :
  • Published Date : Jun 01 2022
  • Number of Pages : 218 Pages
-

We Accept

SHIPPING

Delivery within Yangon will take around 3 days. Delivery outside Yangon will be sent to express gate of your choosing and will take around 5 days.

RETURN AND EXCHANGE POLICY

We accept exchanges in the result of our errors only (e.g receive wrong items, faulty products and damaged during delivery). Customers can contact our staff for the exchange of products directly at 09446446119 and can be arranged for pick up our Junction Square or Pansodan branches.