တစ်ချိန်ကအရင်းရှင်တို့၏ ဩဇာအာဏာအောက်မှာ ခန်ညားထည်ဝါခဲ့သော သကြားစက်ရုံကြီးတစ်ခု၏ စက်ယန္တရားသံနှင့်အတူ၊ စက်ရုံကပစ္စည်းတွေကိုကောက်မယ်၊ ပြန်ရောင်းမယ်၊ မိသားစုဝင်ငွေရှာမယ်ဆိုတဲ့ ဆယ်ကျော်သက်မိန်းကလေး စမ်းစမ်း၊ သကြားစက်ရုံအတွက် ကြံကိုသာအဓိကထား ဂရုတစိုက် စိုက်ပျိုးပြီး မိုးလင်းမိုးချုပ် တောင်ယာအလုပ်နဲ့ အချိန်ကုန်နေတဲ့ ကိုစိန်အောင်၊ စက်ရုံဥဩသံနှင့်အတူ နေ့စားအချိန်ပိုင်းဘဝမှ အမြဲတမ်းဝန်ထမ်းဖြစ်ဖို့ အမြဲကြိုးစားမျှော်လင့်လာသော ကိုချစ်မြိုင်၊ သူတို့အားလုံးဟာ ဒီစက်ရုံကြီးရဲ့ စက်ယန္တရားများစွာထဲမှ ဝက်အူရစ်လေးတစ်ရစ်တမျှ ကျယ်ပြန့်အရေးပါကြရဲ့လား၊ ဘာကြောင့်များ ဘဝအာမခံချက် ရေရေရာရာမရှိလှသော အလုပ်ကိုယ်စီကို ခင်တွယ်နေသော စိတ်တွေဟာ စွဲမြဲခိုင်ခန့်နေကြပါသလဲ။
အများတကာထဲမှ ခွဲထွက်ပြီး ပညာကိုသာ တစ်စိုက်မတ်မတ်ကြိုးစားသင်ယူပြီး အင်ဂျင်နီယာဘွဲ့ ရလာတဲ့ ကိုကိုတစ်ယောက်၊ ယခုအချိန်ထိ ကိုကိုပြန်လာပြီး စက်ရုံကြီးထဲမှာ အင်ဂျင်နီယာအလုပ် လာလုပ်ဖို့ စောင့်မျှော်နေသော မိခင်ရှိရာ၊ ဖခင်လုပ်ကိုင်ခဲ့သော စက်ရုံဝန်ထမ်း အိမ်ယာလေးထဲ ပြန်လာပြီး ချစ်ရသူထားထားနဲ့ ဘဝကိုဘယ်လိုရှေ့ဆက်သွားကြမှာပါလဲ။
“ကြံကုန်တဲ့အထိမ်းအမှတ် ဥဩသံ၊
ဒီနှစ်အတွက် လည်ပတ်မှုယန္တရားကြီး ရပ်တန့်တော့မည့် ရှေ့ပြေးဥဩသံ၊
သည်ဥဩသံ နှစ်စဉ်နှစ်တိုင်း အသိပေးနေပါလျက် နောင်နှစ်ခါ စက်ရုံဖွင့်သည့် ဥဩသံရှည်ကြီးကိုပဲ
လည်တဆန့်ဆန့်မျှော်နေကြသော စက်ရုံလုပ်သားတို့၏ ဘဝတွေကို ဖူလုံပြည့်ဝစေချင်၊
အာမခံချက်ရှိစေချင်သော ကိုကိုတစ်ယောက် ဒီစက်ရုံကြီးမှာ မိမိဘဝကို ဘယ်လိုများ ရှေ့ဆက်ဖြတ်သန်းမလဲ
ဆိုတာ တွေးကြည့်ကြရအောင်။
- ISBN : 9562018173844
- Publisher :
- Published Date : Feb 27 2013
- Number of Pages : 166 Pages