သမုဒ္ဒရာခုနှစ်စင်း မြစ်မင်းတစ်ဆယ့်သုံးသွယ်

မိုးမိုး(အင်းလျား)

5850 MMK

မူရင်းစျေး ၆၅၀၀ ( ၁၀%လျှော့စျေး)

In Stock

Quantity
 အိမ်ဖော်လုပ်ဖို့ စေလွှတ်ခြင်းခံရသည့် အမျိုးသမီးငယ်လေး နော်ဆယ်လီ။ အိမ်အကူလုပ်ရင်း အခြေအနေ ချင်း မတူညီသည့် လူတန်းစားမတူသူ သူဌေးသား ရစ်ချက်နှင့် လူငယ်သဘာဝ ချစ်ကြိုက် မှားယွင်းမိရာကနေ
ကိုယ်ဝန်ရှိသောအခါ လက်ထပ်စာချုပ်မှာ လက်မှတ်ထိုးပေးခဲ့သော်လည်း အိမ်ကိုအသိမပေးရဲ၊ တာဝန်မယူ ချင်ခဲ့သော အိမ်ထောင်ဖက်နှင့်ဆုံတွေ့ပြီး၊ ယောက္ခမအိမ်က လက်မခံခဲ့သော နော်ဆယ်လီ၏ ဘဝ။
ထိုသို့သောအခြေအနမှာပင် ကလေးသုံး​ယောက်မွေးဖွားသည်ထိ ဘဝကိုရှင်သန်ကြိုးစား ရုန်းကန်နေ ရသော၊ မျက်နှာမွဲဆင်းရဲသား အိမ်အကူအမျိုးသမီးလေး၏ ဆင်းရဲနုံချာလှသောဘဝ၊ ခက်ခဲကြမ်းတမ်းသော အသက်မွေးဝမ်းကြောင်း အလုပ်၊ အိမ်ပေါင်းစုံတွင် အိမ်အကူလုပ်နေရရှာသော အမျိုးသမီးလေးများ၏ ဘဝ အချို့ကို ဆရာမက အခြေခံလူတန်းစားများ၏ဘဝကို သရုပ်ဖွဲ့ရာတွင် ပီပြင်ထင်ရှားလွန်းသော၊ ဘဝထဲက ဘဝတွေကို ဖွဲ့ရာတွင် မွန်းကြပ်မှုများကြားထဲမှ ရုန်းကန်ဖြတ်သန်းနေရသော ဘဝများ၏ ဖြစ်ရပ်များမှာ ကိုယ်တိုင်စီးမျော ကြုံတွေ့ခံစားနေရသလို ဇာတ်ကောင်များ၏ ဘဝများမှတစ်ဆင့် အတွေ့အကြုံအမျိုးမျိုး၊ ဘဝအသိ အမျိုး မျိုး၊ ရသအမျိုးမျိုး ခံစားရပေ၏။ 
ဆင်းရဲနုံချာလှတဲ့ဘဝကနေ ပညာမသင်ခဲ့ရဘဲ ဆွေမျိုးအိမ်မှာ ခိုကပ်နေရင်း ဖခင်ဖြစ်သူကိုယ်တိုင်ကလှစ်ဟပြသွားခဲ့လေ၏။ 
ပညာမတတ်တဲ့အခါ ဘဝကိုသေသေချာချာမတွေးခေါ်၊ မဆုံးဖြတ်တတ်တဲ့ မိန်းကလေးတစ် ယောက်ရဲ့ ခက်ခက်ခဲခဲရှင်သန်မှု၊ ဘဝမှာအမှားတွေကြုံတွေ့ခဲ့ရပေမယ့်လည်း  ဘဝအသိကပေးတဲ့ သင်ခန်း စာများနဲ့ ရိုးဖြောင့်တဲ့စိတ် သန့်ရှင်းတဲ့သိက္ခာနဲ့ ကြိုးစားနေထိုင်သော အမျိုးသမီးတစ်ယောက်ရဲ့အားမာန်၊ ဒုက္ခတွေကိုခါးစောင်းတင်ပြီး ကဲ့ရဲ့မှုသောကတွေကို ထီမထင်ပြုလို့ လောကဓံတရားကိုမဖြုံစတမ်း ရင်ဆိုင် အံတုသော အခြေခံလူတန်းစားအမျိုးသမီးတစ်ယောက်၏ ဘဝကို ရင်နင့်စွာဖတ်ရှုရမည့် ဆရာမမိုးမိုး (အင်းလျား)၏ သမုဒ္ဒရာခုနှစ်စင်း မြစ်မင်းတစ်ဆယ့်သုံးသွယ်ဆိုသည့် စာအုပ်ကောင်းလေးတစ်အုပ်။
  • ISBN : 9789998696914
  • Publisher :
  • Published Date : Dec 30 2021
  • Number of Pages : 296 Pages
-

We Accept

SHIPPING

Delivery within Yangon will take around 3 days. Delivery outside Yangon will be sent to express gate of your choosing and will take around 5 days.

RETURN AND EXCHANGE POLICY

We accept exchanges in the result of our errors only (e.g receive wrong items, faulty products and damaged during delivery). Customers can contact our staff for the exchange of products directly at 09446446119 and can be arranged for pick up our Junction Square or Pansodan branches.