နှစ်ဘက်သောမိဘတွေရဲ့သဘောဆန္ဒနဲ့ လက်ထပ်ရတော့မဲ့ လင်းလင်းကို လူတွေက မင်းသူ့ကို ချစ်ရဲ့လား၊ သူကရောမင်းကိုချစ်ရဲ့လားလို့ မေးမေးလာကြတော့ အချစ်မရှိသေးဘဲ လက်ထပ်ရမှာကို စဥ်းစားမိခဲ့တယ်။ လူပြောသူပြောများတဲ့ အချစ်ဆိုတာကို စိတ်လှုပ်ရှားစရာလို့တွေးပြီး အချစ်ဆိုတာ ဘာလဲလို့ စူးစမ်းရှာဖွေရာမှ- အချစ်အတွက်အသက်ကို စွန့်လွှတ်သွားကြတဲ့ အချစ်သူရဲကောင်းတွေ ကိုယ့်အနေနဲ့ သူ့ကိုမရနိုင်တော့ဖူးဆိုတာကိုသိလို့ စိတ်ထဲမှာရုတ်တရက် ခံစားလှုပ်ရှားသွားတာကို အချစ်လို့ယူဆပြီး တစ်ဖက်သက် လွမ်းဆွေးနေသူတွေ အချစ်ဆိုတာ ပတ်ဝန်းကျင်ရဲ့ ဖန်တီးပြုပြင်မှုကို မခံဘူးလို့ယူဆပြီး ခံစားချက်ကိုရှေ့တန်းတင်မိလို့ ဘဝပျက်ခဲ့ရသူတွေကိုတွေ့ပြီး စိတ်တွေ ဝေဝါး ထွေပြားလာခဲ့တော့တယ်။ တကယ်လက်ထပ်ရတော့မယ့်နေ့ကို ရောက်ခါနီးတော့မှ အချစ်ဆိုတာ စူးစမ်းရှာဖွေနေလို့ မရဘူးဆိုတာကိုသိပြီး အရင်လိုလွတ်လပ်ပျော်ရွှင်လာတော့တယ်။ မိမိလက်ထပ် ရတော့မယ့် ကိုကိုကြီးဟာ မိမိကိုချစ်တယ်လို့ လဲတစ်ခွန်းမှမပြောဘူး၊ ဘာအခွင့်အရေးမှလဲမယူခဲ့ဘူး၊ ဒါပေမဲ့ သူ့ရင်ထဲက စေတနာ၊ အကြင်နာနဲ့ ချစ်နေတဲ့စိတ်ကိုတော့ အလိုလိုကိုခံစားပြီးသိတယ်။ ဒီခံစားမှုကိုရရှိတဲ့ မိမိအနေနဲ့လည်း မပူလောင်ဘူး၊ ရင်ထဲမှာနွေးထွေးပြီး ကြည်နူးစေတယ်။ သူအနားမှာ မရှိလည်း ဒီခံစားချက်က အမြဲတမ်းရင်ထဲမှာရှိနေတယ်။ ဒါတော်တော်နဲ့ ပျောက်ပျက်သွားမှာ မဟုတ်တော့ဘူးဆိုတာကို သိလာတဲ့လင်းလင်းတစ်ယောက်၊ မိမိလက်ထပ်ရတော့မယ့်သူကို အမှန်တကယ်နှစ်နှစ်ကာကာ ချစ်မိသွားသော်လည်း ရုတ်တရက်ဆုံးရှုံးခံလိုက်ရတဲ့အခါ အချစ်ကို ဘယ်လိုများယူဆပြီး ရှေ့ဆက်သွားမလဲဆိုတာကို စိတ်ဝင်တစားဖတ်ကြရမဲ့ စာအုပ်ကောင်းတစ်အုပ်ပါ။
အချစ်မပါဘဲ တည်ဆောက်ခဲ့ရတဲ့ အိမ်ထောင်ရေးတွေရှိသလို ချစ်ပြီးတော့မှ မငြား ခဲ့ကြတဲ့သူတွေလည်း လောကမှာအများပါပဲ။ ကိုယ်တစ်ကယ်မချစ်ဖူးဆိုပြီး လက်မထပ်ချင် ခဲ့တဲ့ လူတစ်ယောက် မိမိလက်ထပ်ရတော့မယ့်သူကို အမှန်တကယ်နှ စ်နှစ်ကာကာ ချစ်မိသွား ပြီးမှ ရုတ်တရက်ဆုံးရှုံးခံလိုက်ရတဲ့အခါ အချစ်ကို ဘယ်လိုများယူဆပြီး ရှေ့ဆက်သွားမလဲ။
- ISBN : -
- Publisher :
- Published Date : Oct 31 2000
- Number of Pages : 247 Pages