မန္တ​လေးမှ ဗန်း​​မော်သို့ဧရာဝတီလင်းပိုင်နှင့်အတူခရီးသွားခြင်း

စိန်မျိုးမြင့်

3150 MMK

မူရင်းစျေး ၃၅၀၀ ( ၁၀% လျှော့စျေး ) 

In Stock

Quantity

''ကမ္ဘာတစ်ခွင်သို့

လှည့်လည်လော့.....

ဘဝတစ်သက်တာဆိုသည်မှာ တစ်ခါသာ ရောက်လာသည်။''

စာအုပ်လေးကိုဖတ်​နေရင်း ဧရာဝတီမြစ်ကြီး၏ လှပလွန်းပုံကို ခံစားမိလိမ့်မည်။ မြန်မာလူမျိုး တို့၏ ရိုးသားအေးဆေးမှုကို တွေ့ရှိရလိမ့်မည်။ ရေလမ်းခရီးဖြင့် ဧရာဝတီရဲ့ လှပမှုတွေကို အပြည့် အဝ ဆုပ်ကိုင်ကြည့်ရှုရင်း ခရီးသွားရသည်မှာ မည်မျှ အရသာရှိလှသည်ကို ခံစားမိပေလိမ့်မည်။

စာရေးသူက ဧရာဝတီမြစ်အတွင်း ဧရာဝတီလင်းပိုင်တွေနဲ့ တံငါသည်တို့ အကျိုးတူ ငါးဖမ်းကြပုံကို ရေးသားထားသည်မှာ စိတ်ဝင်စားဖွယ် ​ကောင်းလှသလို အံ့သြဖွယ်လည်း ကောင်းလှ ပေသည်။ ခရီးတစ်လျှောက် စက်လှေပေါ်မှ မြင်ရသော မြင်ကွင်းများကို ရောင်စုံဓာတ်ပုံများဖြင့် ဝေဝေဆာဆာ ဖော်ပြထားသဖြင့် ဖတ်ရသည်မှာ ပိုပြီးအရသာရှိလှသည်။

စာအုပ်ထဲတွင် စာအုပ်၏ အဓိကဇာတ်လိုက် ဧရာဝတီလင်းပိုင်တွေရဲ့အကြောင်းကို မြင်ရ၊ သိရသည်သာမက  ဧရာဝတီမြစ်ကိုမှီ၍ အသက်မွေးဝမ်းကျောင်းပြုကြသည့် ဒေသခံတို့၏ အလုပ် အကိုင်များမှာလည်း အမျိုးစုံလှသည်။ ထိုအထဲတွင် ဧရာဝတီမြစ်ရေထဲတွင် ငါးချဉ်၊ ငါးဖယ်ချဉ် ပြုလုပ်ကြသည့် ဒေသခံတို့၏အကြောင်းကို ဖတ်ရသည်မှာ စိတ်ဝင်စားဖွယ်ပင်ဖြစ်သည်။ ဧရာဝတီ ​မြစ်အတွင်း လှေများဖြင့် စုန်ချည် ဆန်ချည် ပြုလုပ်ကာ စားချင်စဖွယ် ထမင်းဘူးများကို လိုက်လံ ရောင်းချပြီး အသက်မွေးကြသည့် ဒေသခံများအကြောင်းလည်း ပါသည်။

ရှေးယခင်က ကျန်းမာတောင့်တင်းခဲ့သော ဧရာဝတီသည် ယခုအခါ သဘာဝ ဂေဟစနစ် ပျက်ယွင်းမှုတွေကြောင့် ကျန်းမာရေး ချူချာသော ဧရာဝတီဖြစ်နေပေသည်။ ဧရာဝတီမြစ်ရေသည် မသန့်ရှင်းတော့။ ထို့ကြောင့် ဧရာဝတီလင်းပိုင်များအတွက် အန္တရာယ်ရှိလာကြောင်းကို စာရေးသူက အကြောင်းအချက်များစွာနှင့် ရေးသားထားပြီး လူတိုင်းအား သဘာဝပတ်ဝန်းကျင်ကို ချစ်ပြီး ထိန်းသိမ်းစောင့်ရှောက်စေချင်သည့် စာရေးသူ၏စေတနာကို စာအုပ်ထဲတွင် တွေ့မြင်ရပါလိမ့်မည်။


  • ISBN : 104165
  • Publisher : Sar Pay Law Ka
  • Published Date : Mar 01 2012
  • Number of Pages : 214 Pages
-

We Accept

SHIPPING

Delivery within Yangon will take around 3 days. Delivery outside Yangon will be sent to express gate of your choosing and will take around 5 days.

RETURN AND EXCHANGE POLICY

We accept exchanges in the result of our errors only (e.g receive wrong items, faulty products and damaged during delivery). Customers can contact our staff for the exchange of products directly at 09446446119 and can be arranged for pick up our Junction Square or Pansodan branches.