တစ်အုပ်လုံးမှာ မေးခွန်းတွေနဲ့အဖြေ တွဲလျက်လေးတွေပါတာမို့ ဖတ်ရတာ လွယ်ကူရိုးရှင်းလှပါတယ်။ သစ်ငုတ်တိုရဲ့ မျက်နှာပြင်က အရစ်တွေ အရေအတွက်ဟာ အဲ့ဒီသစ်ပင်ရဲ့ အသက်တဲ့။ အကြောင်းအရာ တစ်ခု ချင်းစီတိုင်းမှာလည်း သက်ဆိုင်ရာ ဓာတ်ပုံလေးတွေနဲ့ ယှဥ်ပြီးဖော်ပြထားတော့ ဖတ်ရတာ ပိုပြီးအဆင်ပြေစေမှာ ပါ။
ငှက်ဆိုပေမယ့် မပျံနိုင်တဲ့ ငှက်တွေ၊ ငါးဆိုပေမယ့် ပျံနိုင်တဲ့ ငါးတွေ၊ ဆဲလ်တစ်ခုတည်းသာရှိတဲ့ သတ္တဝါ တွေအကြောင်း၊ ဒိုင်နိုဆောတွေ အမျိုးမျိုးအကြောင်း၊ ပထမဆုံးငှက်တွေ၊ ၀.၅ မီလီမီတာလောက်ပဲရှိတဲ့ ပန်းတွေ၊ ပန်းပင်ရဲ့ အကိုင်းအခက်လေးနဲ့တင် ၁၅၀မီတာကျော် ရှည်လျားတဲ့ ပန်းတွေ။ ကိုယ်မသိသေးတဲ့ ထူးထူးဆန်းဆန်း အကြောင်းတွေကို သိရ မှတ်ရစေမယ့် စာအုပ်လေးတစ်အုပ်ပါပဲ။
အပင်တွေ သတ္တဝါတွေရဲ့ အခေါ်အဝေါ် ဝေါဟာရတွေပါ ပါတာမို့ ထပ်ပြီး လေ့လာချင်တဲ့သူတွေ အတွက်လည်း အဆင်ပြေစေပါတယ်။
- ISBN : 104011
- Publisher : Sar Pay Law Ka
- Published Date : May 01 2005
- Number of Pages : 205 Pages