​သြော်မိန်းမ

တင်ဆွေမိုး

900 MMK

မူရင်းစျေး ၁၀၀၀ ( ၁၀%လျှော့စျေး)

In Stock

Quantity
 “ငါတော့ အူတက်သေတော့မှာပဲ” လို့တောင် ပြောရမယ့် စာအုပ်လေး။ 

စာအုပ်နာမည်လေးက ဆရာတင်ဆွေမိုးရေးတဲ့ “သြော် မိန်းမ”တဲ့။

ကျွန်တော်ဆို ဖတ်ပြီး အမျိုးမျိုးအထွေထွေ လီဆယ်ခါ ပြောလဲပြောနိုင်တဲ့မိန်းမတွေ... နားလည်ရ တယ် ခက်တဲ့ မိန်းမတွေ... ခန့်မှန်းရခက်လှတဲ့ မိန်းမတွေ... ခုတစ်မျိုး တော်ကြာတစ်မျိုး တတ်လဲတတ်နိုင်တဲ့ မိန်းမတွေ ... ဆိုပြီး ကြိတ်ကြိတ်ရယ်ရတာမှ ပြောမနေနဲ့။ မှန်လိုက်တာမှ လွန်ရောဟယ်ဆိုပြီး ရယ်ကြောကို နှိပ်ထားရတဲ့ အထိပဲ။ မယုံရင် ဖတ်ကြည့်ပါ။ ယောကျာ်းထုကြီး ဖတ်ကိုဖတ်သင့်တဲ့ စာအုပ်။ 

ကျွန်တော်ကြိုက်တဲ့ ဟာသတိုလေးဆို ယောကျာ်းက “ဟေ့... မင်းဟာက အလှပြင်တာ မပြီးနိုင်သေးဘူးလားကွ”ဆိုပြီး စိတ်တိုတဲ့ လေသံနဲ့ လှမ်းပြောလိုက်ရော .. အဲ့ဒါကို မိန်းမဖြစ်သူက ဘာပြန်ပြောလဲသိလား .. “ ခက်ပါရဲ့ ရှင်ရယ်၊ ရှင့် လွန်ခဲ့တဲ့ တစ်နာရီကတည်းက ပြောပြီးသားမလား ... နောက် တစ်မိနစ်နေရင် ပြီးပါပြီဆိုတာကို .. ခုမှ ရှင်က ဘာလောနေတာလဲ” တဲ့လေ။ ဟိုက် သေပါရောလားကွာ။ ငါ့အမှားပါ ငါ့အမှားပါ။ 

နောက်တစ်ပုဒ်ရှိသေးတယ်။ အဲ့ဒါက အမျိုးသမီးတစ်ယောက်က သူ့သူငယ်ချင်းကို “ငါတို့ ငှားနေတဲ့ အိမ်ခန်းနံရံတွေက သိပ်ပါးတာပဲဟယ် တစ်ဘက်ကစကားပြောသံကို တစ်ဘက်က ကြားနေရတယ်” ဆိုပြီး အချင်းချင်း ပြောနေကြတာပေါ့။ အဲ့ဒါနဲ့ သူငယ်ချင်းဖြစ်သူက “ဒါဆိုလဲ နင့်အိမ်နံရံတွေကို လိုက်ကာအပြည့် ကာလိုက်ပါလား” ဆိုပြီး အကြံပေးရော။ အမျိုးသမီးက ခဏလောက် စဉ်းစားပြီး “ဟယ် အဲ့လိုလုပ်လို့လဲ မဖြစ်သေးဘူး အဲ့ဒါဆို သူတို့ပြောတာတွေ ငါတို့ ဘယ်ကြားရတော့မလဲ” တဲ့လေ။ 

တကယ်ပါ ဒီကာလမှာ ပေါ့ပေါ့ပါးပါးနဲ့ စိတ်ကို ခတ္တအနားပေးဖို့ စာအုပ်တစ်အုပ်ညွှန်းပါဆိုရင် မိန်းမတွေရဲ့ သဘောသဘာဝ၊ အကျင့်စရိုက်ကို ဟာသနှောပြီး ဝတ္ထုတိုအဖြစ်ပုံဖော်ထားတဲ့ ဆရာတင်ဆွေမိုးရဲ့ “ သြော် မိန်းမ” ဆိုတဲ့ စာအုပ်လေးကို ဖတ်ကြည့်ဖို့ recommend ပေးပါရစေဗျာ။ 




  • ISBN : 104069
  • Publisher : Sar Pay Law Ka
  • Published Date : Nov 01 1995
  • Number of Pages : 158 Pages
-

We Accept

SHIPPING

Delivery within Yangon will take around 3 days. Delivery outside Yangon will be sent to express gate of your choosing and will take around 5 days.

RETURN AND EXCHANGE POLICY

We accept exchanges in the result of our errors only (e.g receive wrong items, faulty products and damaged during delivery). Customers can contact our staff for the exchange of products directly at 09446446119 and can be arranged for pick up our Junction Square or Pansodan branches.