BUY 1, GET 1 50% OFF BOOKS FOR ALL AGES

ပျောက်သောလမ်းမှာစမ်းတဝါး

မိုးမိုး(အင်းလျား)

3000 MMK

In Stock

Quantity
_ဒီစာအုပ်လေးကတော့ တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်ကြတဲ့ချစ်သူနှစ်ဦး အိမ်ထောင်တစ်ခု ကို တည်ဆောက်ပြီး ရုန်းကန်လှုပ်ရှားရတဲ့ ဘဝကို ဆရာမမိုးမိုး(အင်းလျား)က လူငယ်တွေအတွက် သင်ခန်း စာယူဖွယ် ရသမြောက်စွာ ရေးဖွဲ့ထားခြင်းပါ။
ကိုကြည်သာနဲ့ လှိုင်တို့ရဲ့ အိမ်ထောင်ရေးလေးပြဿနာများကို ကိုယ်တိုင်ကြုံတွေ့ရသဖွယ် ခံစားဖတ် ရှုရမှာဖြစ်ပါတယ်။ ဘွဲ့ရခဲ့ပေမဲ့ အလုပ်မရှိသေးတဲ့အချိန် အိမ်ထောင်ပြုခဲ့တဲ့လှိုင်... ယောက်ျားဖြစ်သူ ကိုကြည်သာရဲ့ လစာလေးအနည်းငယ်ဖြင့် မြို့ပြရဲ့ လူနေမှုဘဝမှာ ချစ်စခင်စ ကြည်နူးမှုအပြည့်နဲ့ အိမ်ထောင် ရေးကို အချစ်တစ်ခုနဲ့ တည်ဆောက်ခဲ့တဲ့ လင်မယားနှစ်ယောက်ရဲ့ ဘဝပြဿနာပေါင်းစုံကို ဖတ်ရှုရမှာပါ။
လူငယ် လူရွယ်ဘဝမှာ စိတ်ကူးယဥ်စရာတွေ သိပ်ကိုပေါများလှပါတယ်။ စိတ်ကူးထဲက ချိူမြိန် သလောက် လက်တွေ့ဘဝကတော့ အင်မတန်ကြမ်းတမ်းခ​က်ခဲ လွန်းတာတွေလည်းရှိပါတယ်။ အထူး သဖြင့် အချစ်ရေး၊ အိမ်ထောင်ရေးတွေမှာ လူငယ် လူရွယ်တွေ စိတ်ကူးယဥ်နယ်ပယ်နဲ့မတူဘဲ လက်တွေ့ဘဝ မှာ စမ်းတဝါးဝါး ဖြစ်ကြရတာများပါတယ်။ တကယ်တော့လည်း လူတိုင်း အချစ်၊ အိမ်ထောင်ရေးနဲ့ ကင်းကွာနိုင်ကြတာမှ မဟုတ်ဘဲ။ ကိုယ်ထက်အရင် ကြုံတွေ့ဖူးကြတဲ့ ဘဝများစွာကို စာတွေဖတ်ရင်း သိရှိနိုင်တယ် မဟုတ်ပါလားလေ။ အချစ်ကို ရူးရူးမူးမူး ကိုးကွယ်နေတဲ့ ညီမလေးတွေကို ဒီစာအုပ်လေး တွေ ပေးဖတ်စေချင်ပါတယ်။ ဘဝကို လက်တွေ့ကျကျ တွေးတော ဖြတ်သန်းလာနိုင်မှာ အသေအချာပါပဲ။ 
ဒီစာအုပ်လေးထဲက ကိုကြည်သာနှင့် လှိုင်တို့ရဲ့ ဘဝထက်ဆိုးတဲ့... အိမ်ထောင်ရေးတွေ ကျေးလက်မှာ အများကြီးတွေ့ဖူးပါတယ်။ သူတို့မှာ လွဲမှားတဲ့အယူအဆတွေနဲ့ အချိန်မတိုင်ခင် အိမ်ထောင်ပြုတဲ့အခါ ကလေးတွေရတဲ့အချိန် ဆင်းရဲတွင်းကနက်သထက် နက်ပြီး အသိဥာဏ်ဖွံ့ဖြိုးမှုတွေ မရှိဘဲ ဂျာအေး ချာချာ လည် လို့နေပါတယ်။ ကျေးလက် တောရွာလေးတွေမှာ အလုပ်အကိုင်က ရှားပါး တချို့မိသားစုများမှာ စားဝတ်နေရေးက အဆင်မပြေ၊ အဖေကအရက်သောက် စိတ်ကစားတဲ့အရွယ် လူငယ်လေးတွေ ထွက်ရပ် လမ်းက အိမ်ထောင်ပြုခြင်းပါတဲ့...။ ဒီစာအုပ်လေးကို ဆယ်ကျော်သက် ညီမလေးတွေ မိသားစု အဆင်မပြေ တာလေးတစ်ခု... အဖေနဲ့အမေရဲ့ ဆုံးမမှုတွေကို ချုပ်ချယ်တယ် ဆိုတဲ့အတွေးဖြင့် ဆုံးမစကားတွေ နားမဝင် ဘဲ အိမ်ထောင်ပြုလိုက်တဲ့သူတွေ ပတ်ဝန်းကျင်မှာအများကြီး တွေ့လာရတာကြောင့် ညီမငယ်လေးတွေကို ပိုလို့ဖတ်စေချင်ပါတယ်။


  • ISBN : 1
  • Publisher : Sar Pay Law Ka
  • Published Date : Jul 09 1989
  • Number of Pages : 109 Pages
-

We Accept

SHIPPING

Delivery within Yangon will take around 3 days. Delivery Outside Yangon will take around 4-5 days. You can choose between Royal Express, Postal Delivery or any of the express car gate of your choosing.

RETURN AND EXCHANGE POLICY

We accept return and exchange in the result of our errors only (e.g. receive wrong items, faulty products, damaged during delivery). Customers can contact our staff for product exchanges directly at +95 9 446446119 and can be arranged for pick up at 33rd street office, Junction Square, Pansoedan branch.