ဂီတကြယ်ပွင့်များရဲ့ ဂီတနှင့် ဘဝဖြတ်သန်းမှု ပုံတူကောက်ကြောင်းများ

လူဇော်ဟန်

3600 MMK

မူရင်းစျေး ၄၀၀၀ ၁၀% လျှော့စျေး

In Stock

Quantity
ဂီတကြယ်ပွင့်များရဲ့ ဂီတနှင့်ဘဝဖြတ်သန်းမှု ပုံတူကောက်ကြောင်းများ - လူဇော်ဟန်

ထင်ရှားကြော်ကြားခဲ့တဲ့ ပြည်တွင်း ပြည်ပ ဂီတအနုပညာရှင်များရဲ့ အကြောင်းကို စတူဒီယိုခေတ်ဦး ကနေ စတင်ပြီး ဖော်ပြထားတဲ့ စာအုပ်.....။
စာအုပ်ထဲမှာက ဂီတပညာရှင်ရဲ့ အကြောင်းအချက်အလက်တင်မကဘူး ထူးထူးခြားခြား ဂီတပညာရှင်တို့ရဲ့ 
ပုံတူပန်းချီတွေကိုလည်း တစ်ဦးချင်းစီ ရေးဆွဲပြထားပြီး ဆွဲဆောင်မှုရှိတဲ့ အပြင်အဆင်နဲ့ ဖွဲ့စည်းထားတယ်။ 
သြဇာကြီးမားပြီး ဆန်းသစ်တီထွင်တဲ့ဂီတအနုပညာရှင်တွေရဲ့ အကြောင်းတွေ သူတို့ကို ဂုဏ်ပြုရေးချယ် ထားတဲ့ ပန်းချီပုံတွေဟာ.... 
ဖတ်ရင်းကြည့်ရင်းနဲ့ ဖော်ပြထားတဲ့ ဂီတအနုပညာရှင်တွေရဲ့ သီချင်းဂီတသံနဲ့ သူတိုရဲ့ဟန်ပန်တွေကို ကြား ယောင် မြင်ယောင်မိလောက်ပါတယ်။ 
ဂီတအနုပညာရှင်တွေရဲ့ အကြောင်းကို ဖော်ပြထားရာမှာတော့......
နိုင်ငံတကာ ဂီတကြယ်ပွင့်များရဲ့ အမှတ်တရ ရုပ်ပုံလွှာတစ်ပိုင်း၊ ပြည်တွင်းဂီတကြယ်ပွင့်များရဲ့ 
အမှတ်တရရုပ်ပုံလွှာ တစ်ပိုင်းဆိုပြီး နှစ်ပိုင်းခွဲ စုစည်းလေ့လာတင်ပြထားတဲ့ စာအုပ်ပါ....။ 
ထူးခြားတာက မြန်မာပြည်တွင်းက ဂီတအနုပညာရှင်တွေအကြောင်းကို အချက်အလက်တွေ၊ ပန်းချီပုံတူ တွေနဲ့စုစည်းဖော်ပြထားတာက ဒီစာအုပ်ရဲ့ ထူးခြားချက်ပါပဲ.... ။
နိုင်ငံတကာ ဂီတကြယ်ပွင့်များရဲ့ ရုပ်ပုံလွှာ အပိုင်းမှာတော့........
သက်တော်ရှည် ဂန္တဝင် Blues ဂီတသမားကြီး B.B.King နဲ့ စတင်ပြီး Beatles တွေဟာ ဘုရားသခင်ထက် လူသိများတယ်ဆိုတဲ့.... ငြိမ်းချမ်းရေးအတွက် တတ်ကြွလှုပ်ရှားသူ John Lennon၊ Rock ဂီတ သမိုင်းမှာ ဆန်းသစ်တီထွင်မှုတွေနဲ့ ဂီတာကို ဘယ်လက်နဲ့ မှော်ဆန်စွာတီးတတ်တဲ့ Jimi Hendrix၊ တောင်အမေရိက တိုက် ဇာတိသားဖြစ်ပြီး သူရဲ့ ယဉ်ကျေးမှု အပြင်အဆင်ဟန်ပန်နဲ့ Reggae ဂီတကို ကမ္ဘာကြီးထဲ လှလှပပ တင်ပြခဲ့တဲ့ Bob Marley၊ ဂီတပါရမီ ထူးခြားပြီး ထူးခြားမြူးကြွစွာ ဂီတသီချင်းတွေကို တင်ဆက်တတ်တဲ့ လိင်တူချစ်ခြင်းကို ပွင့်လင်းနှစ်သက်စွာ နေထိုင်ရှင်သန်ခဲ့တဲ့ Queen ဂီတအဖွဲ့ရဲ့ ပင်တိုင်အဆိုတော် Freddie Mercury၊ ကွယ်လွန်ပြီးချိန်မှာ စွဲစွဲမြဲမြဲတီးခတ်ခဲ့တဲ့ (Gibson) ဂစ်တာကို လေလံတင်ရောင်းချခဲ့ရာမှာ ဒေါ်လာ ၁.၂ သန်းနဲ့ အောင်မြင်ခဲ့တဲ့ ဂစ်တာပိုင်ရှင် ဂီတသမား Gary Moore၊ ဖက်ရှင်ဆန်းသစ်မှုနဲ့အတူ ထူးခြားတဲ့အကတွေပါ ဖန်တီးတင်ဆက်တတ်တဲ့ King of Popလို့ တင်စားခံရတဲ့ Michale Jackson၊ လူမည်း အမျိုးသမီးတွေထဲ စံပြုလောက်စရာ အောင်မြင်မှုတွေကို ဂီတနဲ့အတူ သယ်ဆောင်လာတဲ့ Whitney Huston၊ ၂၀ ရာစုရဲ့ ဂီတတော်လှန်ရေးစတင်သူလည်းဖြစ် (Alternative Music) အော်တာနေးတစ် ဂီတရဲ့ 
ဖခင်လို့တင်စားလို့ရတဲ့ Kurt Cobain (Nirvana)၊ အကြမ်းဖက်ဆန့်ကျင်ရေးတွေ ရေးစပ်သီဆိုတတ်တဲ့ အိုင်ယာလန်အခြေစိုက် Rock Bandတစ်ခုဖြစ်တဲ့ The Cranberries ဂီတအဖွဲ့ရဲ့ အဆိုတော် အိုင်ယာလန်သူ Dolores O'Riordan၊ ၂၀၀၆ ဂျိမ်းစ်ဘွန်းရုပ်ရှင်ဖြစ်တဲ့ Casino Royale ရဲ့ Theme Song (You Know My Name)ကို ကိုယ်တိုင်ရေးစပ် သီဆိုခဲ့ဖူးတဲ့ နာမည်ကျော်အော်တာနေးတစ် ခေတ်ပြိုင်သမား Chris Cornell၊
ဂီတရေစီးကြောင်းကို ထူးခြားစွာ ပြောင်းလဲပုံဖော်ပြီး Heavy Metal ဂီတအမျိုးအစားနဲ့ Hip Hop ဂီတ အမျိုးအစားကို ပေါင်းစပ်ရောမွေ တင်ပြပြီး Modern Rock ဂီတရဲ့ အောင်မြင်ဆုံး ဂီတအဖွဲ့ဖြစ်တဲ့ (Linkin Park Band)ရဲ့ ပင်တိုင်အဆိုတော် Chester Benninton၊ "မင်းစိတ်ကို ဘယ်သူမှ မခန့်မှန်းနိုင်ပါဘူး အေမီ..." ဆိုတဲ့ Green Day အဖွဲ့က သူမကို ဂုဏ်ပြုသီဆိုခံရတဲ့ R&B နဲ့ Jazz ဂီတဟန်တွေကို ရောမွေ ပိုင်ဆိုင်နိုင်သူ Amy Winehouseစတဲ့ နိုင်ငံတကာဂီတကြယ်ပွင့်များ ၁၃ ဦးနဲ့ မြန်မာပြည်တွင်းက ဂီတကြယ်ပွင့် ၂၉ ဦးရဲ့ အကြောင်းအရာ ရုပ်ပုံလွှာကိုလည်း ဖော်ပြထားပါသေးတယ်။
ပြည်တွင်းဂီတကြယ်ပွင့်များရဲ့ အမှတ်တရရုပ်ပုံလွှာမှာလည်း ဂီတကြယ်ပွင့်များရဲ့ ပန်းချီပုံတွေနဲ့ အတူ မြို့မငြိမ်း၊ စန္ဒားလှထွဋ်၊ တယော ဦးတင်ရီ၊ ကိုလေးလွင်၊ တက္ကသိုလ်အေးမောင်၊ မင်းမင်းလတ်၊ ဆလိုင်းဇာလျန်း၊ တက္ကသိုလ်စိန်လွင်၊ စိုင်းထီးဆိုင်၊ စိုင်းခပ်းလိတ်၊ ကိုနေဝင်း၊ ခိုင်ထူး၊ ကိုမောင်မောင် (မဇ္စိုမလှိုင်း)၊ ကိုရဲလွင်၊ ခင်မောင်တိုး၊ မောင်သစ်မင်း၊ ကျော်ဟိန်း၊ ခင်ဝမ်း၊ ဂျွန်သင်ဇမ်း၊ စောဘွဲ့မှူး၊ စိုးလွင်လွင်၊ ထူးအိမ်သင်၊ ဇော်ဝင်ထွဋ်၊ ဟယ်ရီလင်း၊ လေးဖြူ၊ ကေအေတီ၊ အယ်ဖြူ၊ ဒိုးလုံး၊ ရေမွန် (idiots) စတဲ့ ပြည်တွင်းဂီတကြယ်ပွင့်များကိုလည်း ကြိုးစားရှာဖွေ စုစည်းတင်ပြထားတာတွေ့ရပါတယ်.....။
 
စာအုပ်အမည် - ဂီတကြယ်ပွင့်များရဲ့ ဂီတနှင့် ဘဝဖြတ်သန်းမှု ပုံတူကောက်ကြောင်းများ



  • ISBN : 9889998696945
  • Publisher :
  • Published Date : Nov 30 2021
  • Number of Pages : 86 Pages
-

We Accept

SHIPPING

Delivery within Yangon will take around 3 days. Delivery outside Yangon will be sent to express gate of your choosing and will take around 5 days.

RETURN AND EXCHANGE POLICY

We accept exchanges in the result of our errors only (e.g receive wrong items, faulty products and damaged during delivery). Customers can contact our staff for the exchange of products directly at 09446446119 and can be arranged for pick up our Junction Square or Pansodan branches.