"ဂျိုး" ဆိုတာ လူငယ်လေးတစ်ယောက်ရဲ့ မိဘတွေ ချစ်စနိုး ခေါ်ကြတဲ့ နာမည်လေးပါ။
ကလေးအလွန်ချစ်တဲ့ ကုန်သည်ပွဲစား လူချမ်းသာမိသားစုတစ်စုရဲ့ မွေးစားခြင်းကိုခံရတဲ့ ကလေးလေး တစ်ယောက်ဖြစ်တဲ့ "ဂျိုး"
မွေးစားထားတာဆိုပေမယ့် " ဂျိုး" အပေါ်ထားတဲ့ မေတ္တာတရားကြီးမားလွန်းလို့ မွေးစားမိခင်မှာ ထူးဆန်း စွာပဲ 'နို့ရည်' ထွက်သတဲ့
အဲဒီလောက် ကြီးမားတဲ့ မေတ္တာတရားတွေနဲ့ မိခင်လိုချင်တာမှန်သမျှ ဘာမဆိုရအောင် ဖန်ဆင်းပေးတဲ့ မရိုက်ရက်၊ မဆူရက်တဲ့ ဖခင်တို့ အတူကြီးပြင်းလာရင်း အရွယ်ကလေးရလာတော့ သူရဲ့မိခင်၊ ဖခင် အရင်းတွေ မဟုတ်ကြဘူးဆိုတာကို သိလိုက်ရပြီး သူ့အတွေးတွေနဲ့သူ ထင်တိုင်း ကြဲလာခဲ့ရင်းက (မကောင်းမှုဟူသည်ကို မကောင်းမှန်းသိခြင်းသည် ကောင်းသောလမ်းကြောင်းပေါ်သို့ ပြောင်းလဲပေး မည့် ပထမဆုံးအဆင့်ဟု ကျွန်တော်သဘောပေါက်လာသည်။ ကျွန်တော်သည် လူကောင်းတစ်ယောက် မဖြစ်နိုင်တော့ပြီလော။)ဆိုတဲ့ "ဂျိုး" ရဲ့ မေးခွန်းလေးကို ကူပြီး စဉ်းစားပေးဖို့ သူ့ဘဝရဲ့ တစ်ဆစ်ပြီး တစ်ဆစ် ချိုးကွေ့လာတဲ့ အချိုးအကွေ့တွေကို သူကိုယ်တိုင်ပြောပြနေသလို ရင်မောစွာနဲ့ ဖတ်ရမယ် ဆရာမ မိုးမိုး(အင်းလျား) ရဲ့ "ဂျိုး"
- ISBN : 9562018173431
- Publisher :
- Published Date : Jul 31 2019
- Number of Pages : 322 Pages